
ဆိုတဲ့ အပိုဒ် ရောက်တော့
သူရော ကျွန်တော်ရော အတော်မူးနေပြီ
အခါးတွေလည်း အတော်မြည်းပြီးမှကိုး
ကြိုးပြတ်ပြီး အိမ်ပြန်လမ်းမှာ
သူ့ကြောင့်ယိုင်သလား ကိုယ့်ကြောင့်ယိုင်သလား
ခွဲခြားဖို့ခက်ခဲ့တယ်
ငါတို့လက်တွေက ကိုယ်စီပုခုံးထက်
တင်းကြပ်နေခဲ့ကြ
ဖြစ်ချင်ရာဖြစ်
ခေတ်ကို ခေါင်းအုံးအိပ်လိုက်လို့လည်း မဖြစ်ပေဘူး
ပတ္တရောင်ကိုရှောင် အမှောင်မှာငြိမ်သက်
ငါတို့ တရစပ်မော့ခဲ့တာ မီးတောက်တွေချည်း
လိုအပ်ရင် လက်ထိုးအန်လိုက်ကွာ
ရွေ့ကြစို့
ခွေးလေခွေးလွင့် အူသံများထဲ ဆက်လက်တိုးဝင်ခဲ့ကြ
ငါတို့ကောင်တွေ
ဝေလီဝေလင်းမှာ အိမ်ရိပ်ကို နင်းနိုင်ကောင်းရဲ့
သူငယ်ချင်း ရှေ့ဆက်မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ။
တေဇာ (လရောင်လမ်း)
မေ ၂၀၁၀
i like this poem.
ReplyDeleteme too!
ReplyDelete