“အင်တာဗျူး”
အနာဂတ်ကို ယုံကြည်မှုရှိပါသလား (တဲ့)
ကျွန်တော် နားမရှင်းလိုက်ဘူး။
ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား။
“အရွေ့”
ကျွန်တော်ရောက်နေရာအရပ်သည်
မဇ္ဈိမအရပ် ဖြစ်သည်လို့
လေယာဉ်စီးရင်း ကြွေးကြော်ရင် မှန်ပါ့မလား
ဒါထက်... လည်နေတဲ့ ဘောလုံးကြီးပေါ်က ဆိုရင်ရော။
“အာရုံငါးပါးအကြောင်း”
ခံစားချက်တွေ ပေါပေါလောလော ရှိကြပါပေတယ်
ဒါပေမဲ့ ဘာအရေးလဲ။
ဘေးကအရာတွေအကြောင်း
ရှူး ... တိုးတိုးလုပ်
ခံစားချက်မရှိသလို ခံစားနေရတာ
ငါပေါ့။
“တိတ်ဆိတ်မှု”
စကားတွေများရင်း အမှားတွေလည်းများလာပြီ
ဒီလိုနဲ့
ဆွံ့အ,သူထံပါး အမှန်တရားရှိတယ်လို့ပဲ
ကြေကွဲလိုက်ရတော့မလိုလို။
“ဇ”
ဘေးထွက်ဆိုးကျိုးတွေက
ဘာလို့ဘေးထွက်နေကြတာလဲ
လာ... တစ်ခါတည်းလိုက်ခဲ့
စံချိန်စံညွှန်းမမီတဲ့ ဒုက္ခတွေကြောင့်
အရေပြား အပါးမခံပါနဲ့။
◄ တေဇာ ►
တစ်နေ့တစ်ခြားရေးအားကောင်းလာသလို....
ReplyDeleteကဗျာတွေ ဖတ်ရတာလည်းပိုပိုပြီးတော့အရသာရှိရှိလာတယ်
အနာဂတ်ကို ယုံကြည်မှုရှိပါသလား။
ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား(တဲ့)
ကိုယ့်ကိုကိုယ်အင်တာဗျူးပြီးပြန်သွားတယ်။
Cheers!!
This comment has been removed by the author.
ReplyDelete