`ဇရာ´
သုံးဆောင်လိုက်ကြပါဦး
အပူတွေအေးပြီး အအေးတွေပူကုန်တော့မယ်
တစ်နေ့သောအခါမှာ
ကြေးမုံပြင်ဟာ ရုတ်တရက်ကြီး ရွတ်တွနေတာကို
သူတို့ ဘွားကနဲ တွေ့လိုက်ကြရတယ်
နှမျောစရာကွယ်
သုံးဆောင်လိုက်ကြပါဦး။
သုံးဆောင်လိုက်ကြပါဦး
အပူတွေအေးပြီး အအေးတွေပူကုန်တော့မယ်
တစ်နေ့သောအခါမှာ
ကြေးမုံပြင်ဟာ ရုတ်တရက်ကြီး ရွတ်တွနေတာကို
သူတို့ ဘွားကနဲ တွေ့လိုက်ကြရတယ်
နှမျောစရာကွယ်
သုံးဆောင်လိုက်ကြပါဦး။
`တစိမ်း´
အလိုမတူဘဲ
မိတ်ဆွေအရင်းအခြာအဖြစ် မဆက်ဆံပါနဲ့
အလိုမတူဘဲ
ရန်သူအရင့်အမာအဖြစ် မပြုကျင့်ပါနဲ့
အကြည့်ချင်းဆုံရင် မပြုံးကြေး
တို့အစွယ်တွေကို တစ်ကောင်နဲ့တစ်ကောင် လှစ်မပြကြေး။
အလိုမတူဘဲ
မိတ်ဆွေအရင်းအခြာအဖြစ် မဆက်ဆံပါနဲ့
အလိုမတူဘဲ
ရန်သူအရင့်အမာအဖြစ် မပြုကျင့်ပါနဲ့
အကြည့်ချင်းဆုံရင် မပြုံးကြေး
တို့အစွယ်တွေကို တစ်ကောင်နဲ့တစ်ကောင် လှစ်မပြကြေး။
`၀ိရောဓိ´
ကျွန်တော် စာမရေးတတ်ဘူးလို့ ရေးလိုက်တာ
ကျွန်တော်ပါ။
နားရှုပ်သွားသလား
ကျွန်တော်ပြောသားပဲ
ကျွန်တော်ကစကား မပြောတတ်ပါဘူးလို့။
ကျွန်တော် စာမရေးတတ်ဘူးလို့ ရေးလိုက်တာ
ကျွန်တော်ပါ။
နားရှုပ်သွားသလား
ကျွန်တော်ပြောသားပဲ
ကျွန်တော်ကစကား မပြောတတ်ပါဘူးလို့။
`အမှု´
မသမာမှုဟာ
လူသတ်မှု
မုဒိန်းမှု
အကြမ်းဖက်မှုတို့ မဟုတ်ပါဘူး
မသမာမှုဟာ
မသမာမှုပါ။
မသမာမှုဟာ
လူသတ်မှု
မုဒိန်းမှု
အကြမ်းဖက်မှုတို့ မဟုတ်ပါဘူး
မသမာမှုဟာ
မသမာမှုပါ။
`ဆင့်ကဲဖြစ်စဉ်´
ဒီအရပ်က မုသားဖော်စက်တွေ
ဆင့်ကဲတိုးတက်သွားပုံများ
လိမ်လည်ထွက်ဆိုလာနိုင်တဲ့အထိ
သည်,၏ မလွဲ။
ဒီအရပ်က မုသားဖော်စက်တွေ
ဆင့်ကဲတိုးတက်သွားပုံများ
လိမ်လည်ထွက်ဆိုလာနိုင်တဲ့အထိ
သည်,၏ မလွဲ။
◄ တေဇာ ►
အင်းး.....ဗျာ။
ReplyDelete