“တစ်ခေါက်သာဖတ်ရမယ့် ကဗျာ”
အဓိပ္ပါယ်စဉ်းစားကာ
အေးအေးဆေးဆေးဖတ်ပါ
မလောပါနဲ့
တိုပါတယ်
ဘဝဟာ။
“အသွင်ပြောင်းခြင်း”
စောလိုက်တာလို့ပြောတော့
ဒါတောင် မိုးဝင်ခိုခဲ့သေးတယ်တဲ့
ကျွန်စနစ်မရှိတော့ပေမဲ့
ဝီရိယလွန်ခွင့်ကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြဆဲ
သည်လိုဖြစ်ရမှာ မဟုတ်ဘူးလား
ခုဟာက
စနစ်တွေအ၀တ်အစားလဲနေတုန်းလေး အချိန်လုကာ
ခပ်တိုးတိုးသာ ဟောက်ခဲ့ရ။
“မင်္ဂလာပါ”
အ (ပွေ့) ဖက် ခံရတာ ကောင်းသလို
အဖတ် (ရှု) ခံရတာလည်း ကောင်းတယ်
(သား) သနပ်ခါးလိမ်းလာတယ် ဆရာမ
(သား) ၀လုံးလေးတွေ ၀ိုင်းလား ဆရာမ
ငယ်ငယ်က ငါတို့တွေ။
“နေရာ”
ဘယ် (နေရာ) ရောက်နေတယ်ဆိုတာက အရေးမကြီးဘူး
အဲဒီ (နေရာ) မှာ ဘာလုပ်နေတယ်ဆိုတယ် ဆိုတာက အရေးကြီးတယ်တဲ့
ဒါပေမဲ့ သူပြောတာ ဘယ်သူမှ မကြားလိုက်ကြဘူး
သူဘယ်မှာ သွားပြောလို့ပါလိမ့်။
“ချက် .. ချက် .. ချက် .. ချက်”
လေးစက္ကန့်ကြောင့် မွေးပြီး
လေးစက္ကန့်ကြောင့် နေမယ်
လေးစက္ကန့်ကြောင့် သေချင်သေမယ်
လေးစက္ကန့်သာကြာတဲ့ စက္ကန့်လေးတွေမှာ
ဘ၀နဲ့ချီကာ သာယာခဲ့ပါတယ်။
◄ တေဇာ ►
အဓိပ္ပါယ်စဉ်းစားကာ
အေးအေးဆေးဆေးဖတ်ပါ
မလောပါနဲ့
တိုပါတယ်
ဘဝဟာ။
“အသွင်ပြောင်းခြင်း”
စောလိုက်တာလို့ပြောတော့
ဒါတောင် မိုးဝင်ခိုခဲ့သေးတယ်တဲ့
ကျွန်စနစ်မရှိတော့ပေမဲ့
ဝီရိယလွန်ခွင့်ကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြဆဲ
သည်လိုဖြစ်ရမှာ မဟုတ်ဘူးလား
ခုဟာက
စနစ်တွေအ၀တ်အစားလဲနေတုန်းလေး အချိန်လုကာ
ခပ်တိုးတိုးသာ ဟောက်ခဲ့ရ။
“မင်္ဂလာပါ”
အ (ပွေ့) ဖက် ခံရတာ ကောင်းသလို
အဖတ် (ရှု) ခံရတာလည်း ကောင်းတယ်
(သား) သနပ်ခါးလိမ်းလာတယ် ဆရာမ
(သား) ၀လုံးလေးတွေ ၀ိုင်းလား ဆရာမ
ငယ်ငယ်က ငါတို့တွေ။
“နေရာ”
ဘယ် (နေရာ) ရောက်နေတယ်ဆိုတာက အရေးမကြီးဘူး
အဲဒီ (နေရာ) မှာ ဘာလုပ်နေတယ်ဆိုတယ် ဆိုတာက အရေးကြီးတယ်တဲ့
ဒါပေမဲ့ သူပြောတာ ဘယ်သူမှ မကြားလိုက်ကြဘူး
သူဘယ်မှာ သွားပြောလို့ပါလိမ့်။
“ချက် .. ချက် .. ချက် .. ချက်”
လေးစက္ကန့်ကြောင့် မွေးပြီး
လေးစက္ကန့်ကြောင့် နေမယ်
လေးစက္ကန့်ကြောင့် သေချင်သေမယ်
လေးစက္ကန့်သာကြာတဲ့ စက္ကန့်လေးတွေမှာ
ဘ၀နဲ့ချီကာ သာယာခဲ့ပါတယ်။
◄ တေဇာ ►
ဟေ့လူ....မိုက်တယ်ဗျ။တိုးသထက်တိုးလာပြီ။ခုထိဆို အတိုးဆုံး(၅)ကိုအကြိုက်ဆုံးပဲ။
ReplyDeleteး)
ReplyDeleteထမင်းငတ်နေတုန်း ရေးတဲ့စာတွေပါဗျာ။ အချိန်တန်ရင်တော့ ရပ်သွားမယ် ထင်တယ်။ ခုထိတော့ ရေးကောင်းတုန်း...။း)
ReplyDeleteခင်ဗျားနှယ်......ဖြစ်ရမယ်။ ထမင်းငတ်တော့ အားပြတ်ပြီး လေသံလေးလောက်ပဲ ထွက်တော့လောက်အောင် တိုးတဲ့သဘောလား။ဟားဟား..အပျော်ပါဗျာ။ငတ်မြဲငတ်ပါစေလို့ ဆုတောင်းရမလိုပဲ။ စိတ်လိုလက်ရရှိတဲ့အခါ စိတ်ပညာအကြောင်းတွေရေးပါဦးဗျ။ပြောသာပြောရတာ ခင်ဗျားအရင်ရေးတာတွေတောင် မကြေသေးဘူးဆိုတာ ဝန်ခံတယ်။အိုကေ..ဘရားသားရာ။ မုန်တိုင်းတွေကြားက ခင်ဗျားရဲ့ကကွက်တွေ ငေးချင်သေးတယ်။ရီပလိုင်းလုပ်တာကျေးဇူးဗျား။မအားလည်း အလှည့်မပေးနဲ့။ကိစ္စမရှိဘူး။
ReplyDeleteCheers !! That's really cool what have been written by u in poems !!
ReplyDeleteActually i preferred to read ur essay than poem but for this pomes ,i must chip up ur talent as well as u wrote in essay.Here again that word is "Excellent"
ကဗျာတိုလေးတွေ...
ReplyDeleteဖတ်ပြီး စဉ်းစားရတာကောင်းတယ်..။ တိုတိုလေးနဲ့ ထိတယ်။
ခုတလော.. ကဗျာတွေဘက် ဓာတ်ကျနေတယ်နော်..။