Skip to main content

ဖြားယောင်းမှု

ကျွန်တော်ဟာ ငါးမျှားနေတဲ့
တီကောင်ပေါ့။

တစ်ကောင်မှမရလို့ အသက်ချမ်းသာရာရသေးတယ်
ဒါဆို အကောင်းမြင်မိသွားမယ်။

အသက်ချမ်းသာသေးသော်လည်း တစ်ကောင်မှမရ
ဒါဆို အဆိုးမြင်မိသွားမယ်။

ဒီတော့ ကျွန်တော်ဟာ
ထွန့်ထွန့်လူးနေတဲ့ တီကောင်ပဲပေါ့။

တေဇာ (လရောင်လမ်း)

Comments