လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံးကဗျာများ (၃၇)

ကစားနည်း

ခင်ဗျားကို ကျွန်တော် လေးစားပါတယ်
ကျွန်တော့်ကိုလည်း
လေးစားရမယ်နော်
အပျော်ပေါ့။

ဝန်ခံချက်

ကိုယ်ဆတ်ဆော့လိုက်လို့
ကဗျာဖြစ်လာခဲ့ပြီးမှ
ညာတာပါတေး ဖြစ်နေမှာ
ကျွန်တော်က အဲဒီကဗျာကို ပြန်အားနာတယ်
ဒါလည်း ညာနေတာပါကွယ်။

ဇိမ်ခံပစ္စည်း

စာရေးလို့ မရဘူး
ဒါပေမဲ့ ကံကောင်းတာက
စာမရေးလည်း ရတာပဲ။

ယေဘုယျအဖြေမှန်

ဟင်...
ဂျူရီလူကြီးက (၈) ယောက်တောင်... ?
သမာသမတ်တွေတောင် ဖောင်းပွလို့။

အဖျားရှူးခြင်းများ

အချိန်ကြာလာလေ
ကဗျာတွေကို အဆုံးသတ်ရ
ခက်လာလေပဲ
ဒီတိုင်းလေး ပြီးသွားခဲ့ရတာတွေကိုများ
ကျွန်တော် ကြောက်နေပြီလား။

တေဇာ (လရောင်လမ်း)

1 comments:

မောင်မျိုး said...

ဇိမ်ခံပစ္စည်း


အဲ့တာလေး ကြိုက်တယ် ဟုတ်နေတာဆိုတော့း)

Post a Comment