လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

မိုးလေ၀သ

မိုးရွာလျှင်ရွာချင်း
နစ်ရှေး [*] လည်း ထီးမေ့ကျန်သွားတယ်

ကျွန်တော်ကတော့ ခုထိ
ထီးကို ထားခဲ့တုန်းပဲ

မနက်ဖြန်ညနေထိ ခန့်မှန်းချက်အရ
ကမ္ဘာကြီးက လှနေဆဲ

အစိုးမရတဲ့ ကိစ္စတွေလည်း
အစကတည်းက ရိုးပြီးသားပဲ

ကျွန်တော်ကတော့ ခုထိ
ထီးကို ထားခဲ့တုန်းပဲ။

တေဇာ (လရောင်လမ်း)
[*] I have forgotten my umbrella.
Friedrich Nietzsche (1844-1900), German philosopher

1 comments:

သိင်္ဂါကျော် said...

မိုးမိလို့ မဖျားတတ်ရင်တော့ ကောင်းတာပေါ့... မိုးရေထဲမှာ လျှောက်ရတာ ပျော်စရာ..။

Post a Comment