Skip to main content

သူမ၏ အပြုံးတွင် ထင်ဟပ်နေသော ကျွန်တော်၏ဂုဏ်ရည်

သူ့စကားဆုံးတော့ ကျွန်တော့်မျက်နှာ နီရဲနေတယ်ထင်တယ်။ နင်ငါ့ကို အဲဒီလောက် မမြှောက်နဲ့လို့ ကျွန်တော်က ပြန်ပြောမိလိုက်တယ်။ ကျွန်တော့်လေသံမှာ တနည်းတဖုံ ဂုဏ်ယူတဲ့လေသံပါသွားတယ်။ သူက အံ့သြတဲ့ မျက်နှာထားနဲ့ ဟင် ငါပြောတဲ့အထဲမှာ နင့်ကို မြှောက်တဲ့စကား ပါသွားလို့လားလို့ ပြန်မေးတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ သူပြောထဲမှာ ကျွန်တော့်ကိုမြှောက်ပင့်တဲ့စကား တစ်လုံးမှ မပါပါဘူး။ အမှန်ဆို ကျွန်တော့် အကြောင်းကို လုံးဝ မပါပါဘူး။ တကယ်တော့ သူက သူ့ရည်းစားနဲ့ သူ့အကြောင်းကို ကျွန်တော့်ကို ဖွင့်ပြောပြနေတာပဲ။ ဖွင့်ပြောပြတယ်ဆိုတာ မခြွင်းမချန်၊ အားလုံးဖွင့်ပြောပြတာကို ဆိုလိုတာ။ သူ့ရည်းစားက သူ့ကို နှစ်ယောက်ထဲအတူနေနိုင်တဲ့ နေရာကို သွားကြဖို့ ခေါ်တဲ့အကြောင်းပဲ။

သူက အဲဒီလူကို သိပ်ချစ်တယ်။ ဒါပေမဲ့ အဲဒီလူကတော့ သူချစ်သလောက်၊ ဒါမှမဟုတ် သူချစ်သလို သူ့ကို ပြန်မချစ်ဘူးလို့ ပြောတယ်။ သူ့စကားအရ သိရတာကတော့ အဲဒီလူက ခပ်ဆိုးဆိုးပဲ။ အရက်သိပ်သောက်တယ်။ ပြီးတော့ အကြွေးလည်း သိန်း (၈၀) လောက်တင် နေတယ်လို့ ပြောတယ်။ နေ့နေ့ညည ဘီယာဆိုင်မှာပဲ အချိန်ကုန်နေတယ်။ ညကြီးမိုးချုပ် သူ့ဆီကို မူးမူးနဲ့ ဖုန်းဆက်တတ်တယ်လို့ ပြောတယ်။ ဒါတွေကိုတော့ ကျွန်တော်လည်း ဘာမှ မှတ်ချက်မပေးဖြစ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလို လူစားမျိုးထဲက တစ်ဦးပဲ မဟုတ်လား။ ဒါပေမဲ့ စိတ်ထဲကတော့ သိပ်သဘောမတွေ့လှဘူး။ ဖွင့်မပြောမိပေမဲ့ အဲဒီလူနဲ့ သူ ပတ်သက်နေတာကို စနောင့်စနင်း ခံစားနေရတယ်။ အကြောင်းကလည်း ရှိတယ်။ အမှန်တော့ သူက သိပ်ဖြူစင်တယ်။ ရိုးသားတယ်။ ကလေးဆန်တယ်။ ကျွန်တော့်ထက် အသက်ကြီးပေမယ့် အမြဲတမ်း သူက ကျွန်တော့်ညီမလေးလိုပဲ။ လောကကြီးအကြောင်း၊ လူတွေအကြောင်း၊ အထူးသဖြင့် ယောက်ျားလေးတွေအကြောင်း လက်တွေ့ကျတဲ့ ဗဟုသုတတွေ မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတော့ ရန်ကုန်မြို့ရဲ့ အမှောင်ကမ္ဘာအကြောင်း အောက်ဆုံးအလွှာကစ အထက်ဆုံးအလွှာအဆုံး အကြမ်းမျဉ်းတော့ တီးမိခေါက်မိရှိဖူးတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ယောက်ျားလေး တစ်ယောက်ဆိုတော့ ယောက်ျားလေးတွေအကြောင်း ကောင်းကောင်းသိတယ်လို့ ပြောရင် မလွန်လောက်ဘူး။

အဲဒီလူနဲ့ ရည်းစားဖြစ်ပြီး တစ်ပတ်လောက်ကြာတော့ အဲဒီလူက သူ့ကို နှစ်ယောက်ထဲ အတူနေနိုင်တဲ့နေရာကိုသွားကြဖို့ ခေါ်တယ်လို့ သူကပြောတယ်။ ရည်းစားစဖြစ်ကတည်းက `အတူနေမယ်´ ဆိုတဲ့စကားကို အဲဒီလူက သူ့ကို မကြာခဏပြောတတ်တယ်လို့ သူကပြောပြတယ်။ ငါလည်း အစတုန်းက သူ ဘာကိုဆိုလိုမှန်း မသိဘူး။ နောက်တော့မှ သဘောပေါက်လာတယ်။ Making Love ကို သူက ပြောနေတာကိုး။ သူငါ့ကို ကြိုက်သလိုဖက်၊ ကြိုက်သလိုနမ်းလို့ ငါပြောထားပါတယ်။ ဒါပေမဲ့ ရည်းစားဖြစ်တာမှ တစ်ပတ်ပဲကြာသေးတယ်၊ ဒီလိုကြီးပြောတာတော့ မစောလွန်းဘူးလားဟယ်လို့ သူက ကျွန်တော့်ဆီက အတည်ပြုချက် တောင်းသလိုမျိုးပြောလိုက်တယ်။ ဟုတ်တယ်၊ စောတယ်။ တကယ်တော့ အဲဒီလူဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်လွန်းရာကျတယ်။ နင်သူ့ကို သိပ်ချစ်မှန်းသိလို့ ပြောလိုက်တာ ဖြစ်မယ်။ ငါ့အနေနဲ့ကတော့ နင့်သဘောပဲ။ နင်လည်း Virgin မဟုတ်လား။ အတွေ့အကြုံတော့ ရတာပေါ့။ ဒါပေမဲ့ နင်က သူ့ကို သိပ်ချစ်နေတာကို သဘောမကျပါဘူး။ ချစ်လွန်းလို့ အလိုလိုက်လိုက်ရတယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး။ နင် စိတ်ပါရင်တော့ အတွေ့အကြုံအသစ်တစ်ခုလို့ သဘောထားပြီး လိုက်သွားပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ခေါင်းခါတယ်။ ငါ သူ့ကို ဘယ်လောက်ချစ်ချစ်၊ အဲဒီလိုတော့ လုံးဝလိုက်မသွားနိုင်ဘူးလို့ ပြောတယ်။ တကယ်တော့ သူ ဒီလို ပြောမယ်ဆိုမှာ ကျွန်တော် သိပြီးသားပါ။ ကျွန်တော့်ကို သူ ပြောပြတယ်ဆိုတာက အတည်ပြုချက်ယူချင်တဲ့ သဘောမျိုးပဲ။ Confirmation ရှာတာပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း နေ့စဉ်သုံးမြန်မာစကားတွေ ကောင်းကောင်း မပြောတတ်တဲ့ကောင်။ လက်ဖက်ရည်ဇွန်းမွှေရင်တောင် ဖှီလော်ဆော်ဖှီပါအောင် မွှေချင်နေတတ်တော့ မိုင်ကုန်စကားတွေ ပြောလိုက်မိတာပဲ။ သူ ခေါင်းခါလို့ဆုံးမှ ကျွန်တော်က စကားကို လမ်းပေါ်ရောက်အောင် ပြန်ဆွဲချလိုက်တယ်။ ငါ အဲဒီလူကို သဘောမကျဘူးဟာ၊ ဖြစ်နိုင်ရင်လိုက်မသွားပါနဲ့။ ဒီလူ တော်တော်လွန်တယ်။ နင်လည်း ချစ်တာတွေဘာတွေ အသာထားပြီး သူနဲ့ ဆက်တွဲမနေတော့ရင် ကောင်းမယ်ထင်တယ်လို့ ပြောလိုက်တယ်။ အေးပါဟာ ငါသိပါတယ်လို့ သူက ပြန်ပြောတယ်။ နင်စိတ်ပါလို့ လိုက်သွားခဲ့ရင် ငါတောင် သိချင်မှ သိလိုက်ရမှာနော်လို့ ကျွန်တော်က ပြောလိုက်မိသေးတယ်။ အခုအချိန်မှာတော့ နင်ငါ့ကို မစပါနဲ့ဟာလို့သူက ပြန်ပြောမှ ကျွန်တော်လည်း ကိုယ့်စကားအတွက် နောင်တရသွားမိတယ်။

သူ့စကားတွေ နားထောင်ရင်း ကျွန်တော်သူ့ကို တော်တော်သနားမိတယ်။ သူက အဲဒီလူကို အရမ်းကိုချစ်တာ ကျွန်တော် သိတယ်။ တကယ်ဆို တစ်နှစ်လောက်တွဲပြီးတယ် ဆိုရင်တောင် အဲဒီလိုခေါ်ရင် ငါ့အနေနဲ့ ငြင်းဖို့ အင်အားရှိပါ့မလားမသိဘူး။ အခုတော့ဟာ သူ ငါ့ကို တန်ဖိုးမထားဘူး။ အရမ်းရက်စက်တယ်လို့ ပြောရင်း ငိုတယ်။ ဟုတ်တယ်။ အဲဒီလူသာ တကယ် ဆင်ခြင်တုံတရားရှိရင် နင်ပိုဆိုးမယ်။ အခုလို ခပ်တုံးတုံးပြောလိုက်တာကိုပဲ ငါတော့ သူ့ကို ကျေးဇူးတင်တယ်လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိတယ်။ သူက စာရိတ္တပိုင်းကို အရမ်းထိန်းသိမ်းတတ်တဲ့ မိန်းကလေးမျိုး။ အခုခေတ်မှာတော့ နည်းနည်း ရှားသွားပြီထင်တယ်။ သူ အပျိုအစစ်ဆိုတာကို ကျွန်တော့်ကိုပြောပြတုန်းက ကျွန်တော် တော်တော် ရယ်ချင်မိခဲ့သေးတယ်။ နင်အပျိုမစစ်ရင်လည်း နင့်ကို ငါက အပြစ်ဆိုစရာမှ မရှိတာလို့ သူ့ကိုနောက်တော့ သူက စိတ်ဆိုးတယ်။ နောက်ပိုင်းတော့ သူနဲ့ကျွန်တော် အဲဒီအကြောင်းကို နည်းနည်း ပြောဖြစ်ကြတယ်။ အဲဒီစိတ်ဓာတ်က သူ့အမေဆီက အမွေဆက်ခံထားတာလို့ သူက ပြောပြတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးကနေ ကြာရှည်ထိန်းသိမ်းလာတဲ့ တန်ဖိုးတစ်ခုကို နောက်ပိုင်းကျတော့ အခွင့်အရေးကြုံရင်တောင် အလွယ်တကူ ဖျက်ပစ်ဖို့ဆိုတာ ၀န်လေးသွားတယ် မဟုတ်လားလို့ ကျွန်တော်က ပြုံးစိစိ ပြန်မေးလိုက်တယ်။ သူကလည်း ပြုံးပြီး ခေါင်းညိတ်ပြတယ်။ ငါက ငါ့ကိုယ်ငါ အရမ်းနှမြောတတ်တယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့လက်ထပ်မယ့် ယောက်ျားတစ်ယောက်ကိုတော့ အစစ်အမှန်ကိုပဲ ပေးချင်ပါတယ်လို့ သူကပြောတော့ ကျွန်တော့်ရဲ့ ပေါ့ပေါ့တန်တန်စိတ်တွေတောင် အတော်လေး လေးနက်သွားမိတယ်။ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ လေးစားစရာ ဂုဏ်ရည်တစ်ရပ်ကို ကျွန်တော် အဲဒီနေ့က သူ့ဆီမှာ ဖျပ်ခနဲ မြင်လိုက်ရတယ် ထင်တယ်။

နောက်တစ်ရက်ကြာတော့ သူက ငါ ဟိုလူနဲ့ ပြတ်သွားပြီလို့ ပြောတယ်။ ဟုတ်လား၊ စိတ်မကောင်းဘူးဟာ၊ ပြီးတော့ ၀မ်းလည်းသာတယ်လို့ ပြန်ပြောလိုက်တယ်။ စိတ်မကောင်းခြင်းနဲ့ ၀မ်းသာခြင်းကို မျက်နှာမှာ တစ်ပြိုင်နက်တည်း ဘယ်လိုဖော်ပြရမှန်း မသိတာနဲ့ ကျွန်တော့် မျက်နှာက ဖရိုဖရဲဖြစ်နေတယ် ထင်တယ်။ ငါကတော့ တစ်ညလုံး ငိုထားတယ်လို့ သူက ပြောတယ်။ သူ့မျက်လုံးတွေက နီရဲနေတယ်။ အဲဒီလူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအကုန်လုံး အစအဆုံး ကျွန်တော့်ကို ပြန်ပြောပြနေတယ်။ နောက်ဆုံးတော့ သူက ကျွန်တော့်ကို မေးလိုက်တယ်။ ပြောပါဦး ငါပြောတဲ့စကားတွေထဲမှာ ဘာများ နင့်ကို မြှောက်ပင့်တာ ပါသွားလို့လဲလို့ မေးတယ်။ ငါက အဲဒီလူနဲ့ နင့်ရဲ့ အတွင်းရေးတွေအားလုံးကို နင့်သူငယ်ချင်း၊ ဒါမှမဟုတ် နင့်အိမ်ကို ပြန်မပြောပြဘူး၊ ဒါမှမဟုတ် ကွယ်ရာမှာ နင့်ကို မလှောင်ဘူးလို့ နင် ဘာကြောင့် ထင်ရတာလဲလို့ ပြောတော့မှ သူ့မျက်နှာ တဖြည်းဖြည်းပြုံးလာတယ်။ ကျွန်တော်လည်း အဲဒီနေ့က သူနဲ့အတူ မကြုံစဖူး လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတယ်ထင်တယ်။ တိုက်ဆိုင်မှုတစ်ခုအနေနဲ့ အဲဒီလူနဲ့ ကျွန်တော်ဟာ နာမည်ချင်းတူနေတယ်။ ပိုပြီးတိုက်ဆိုင်တာက သူအဲဒီလူနဲ့ စသိတဲ့နေ့နဲ့ ကျွန်တော်နဲ့စသိတဲ့နေ့ဟာ တစ်ရက်ထဲပဲလို့ သူက ပြောပြဖူးတာပဲ။

မိန်းကလေးတစ်ယောက်ရဲ့ ယုံကြည်စိတ်ချမှုဟာ ယောက်ျားလေးတစ်ယောက် သူ့ဆီက ရရှိနိုင်တဲ့ အမြင့်ဆုံးဆုလာဘ်ပဲလို့ ကျွန်တော်က သူပြုံးနေတာကို ငေးကြည့်ရင်း အသံတိတ် တွေးနေမိတယ်။ တကယ်လို့ တစ်နေ့မှာ ငါက နင့်ကို အတူနေကြဖို့ ခေါ်ရင်ရော နင် ငါ့ကို တိုင်ပင်ဦးမှာလားလို့ ကျွန်တော်က မေးလိုက်တယ်။ နင်ကရော နင့်ကိုယ်နင် မယုံတဲ့အကြောင်း၊ နင်ဟာ တော်တော်လွန်တဲ့အကြောင်းတွေပြောပြီး ဖြစ်နိုင်ရင် လိုက်မသွားဖို့ ပြောဦးမှာလားလို့ ပြန်မေးရင်း ပြုံးနေတယ်။ အဲဒီအချိန်ကျမှ ကျွန်တော်သူ့ကို ချစ်တယ်လို့ပြောခဲ့ပြီး၊ အဖြေပြန်တောင်းဖို့ မေ့နေခဲ့တာကို ကျွန်တော်လည်း သတိရသွားတော့တယ်။

တေဇာ (လရောင်လမ်း)

Comments

  1. ပိုင်လှချည်လားဗျ။း-)

    ReplyDelete
  2. ခင်ဗျား အက်ဆေးဖတ်ပြီးတော့ စိတ်လည်း ဖိုးသိုးဖတ်သပ် ဖြစ်လို့ လူလည်း မိုးတိုးမတ်တပ် ဖြစ်လို့ဗျာ။ အတွင်းကလီစာ ဘယ်ဟာဘယ်လိုယားမှန်း မသိလို့ ဘာကုတ်လို့ကုတ်ရမှန်း မသိဖြစ်တာမျိုးပဲ ။
    အရက်သိပ်သောက်တယ်။ အကြွေး သိန်း ၈၀ ဆိုတာတွေ့တော့ အတော်အံ့သြသွားတယ် ကိုယ့်လူ။ တည့်တည့်ကြီးပဲ ။ ကျုပ်ကိုများ ပြောသလားလို့ လန့်တောင် သွားတယ် ။ တကယ် တကယ်။ ကျုပ် အကြွေး သိန်း ၈၀ ကျော်ကျော် ရှိပြီး အရက်လည်း သိပ်သောက်ဖြစ်နေတယ်။
    ဒါပေမဲ့ ကျုပ်က ခင်ဗျားနဲ့တော့ နာမည်မတူဘူး။ တေဇာလည်း မဟုတ်ဘူး ။ သေနာ လည်း မဟုတ်ဘူး ။ ကာရံတောင် မတူဘူးလို့ ပြောချင်တာပါ။
    အိုကေဗျာ ကိုတေဇာ ။ နည်းနည်းမူးနေတယ်။
    ခင်ဗျား တယောက် ခုလိုပဲ မုန်တိုင်းရဲ့ ပြင်ပမှ မွှေနှောက်တိုက်ခတ်နိုင်ပါစေကြောင်း ။

    ReplyDelete
  3. ကျွန်တော့်နာမည်အရင်းကလည်း တေဇာ မဟုတ်ပါဘူး။ :P

    ReplyDelete
  4. နာမည်အရင်းသိလည်း ကျုပ်က ဇွတ်ကို မဲထည့်ခိုင်းမဲ့သူ မဟုတ်ပါဘူးဗျ။ ဒီနာမည် တေဇာ ဆိုတာနဲ့လည်း ကြိုတင်မဲ ဆိုတာက ဖြစ်တာပဲကို။

    ReplyDelete
  5. =)
    ပြုံးပြဖို့ မေ့သွားတာနဲ့။ မနောက်နဲ့နော် ဟေ့လူ။

    ReplyDelete
  6. တကယ်ပါ။ နာမည်ရင်းမဟုတ်ဘူး။ ဆရာ အဲလိုမျိုးများ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့ဖူးသလား ပြန်စဉ်းစားကြည့်ပေါ့။ =P

    ReplyDelete
  7. တယောက်ယောက်ကို တောင်းဆိုခဲ့ဖူးသလား ပြန်စဉ်းစားတာထက် ဘယ်တစ်ယောက်ကိုများ တောင်းဆိုခဲ့ဖူးသလဲလို့ ပြန်စဉ်းစားရမှာဗျ။ အဟီး ..တော်ပြီဗျာ ဟေ့လူ။ ..ရှက်စရာကြီးတွေ။ =)

    ReplyDelete
  8. Like.
    အက်ဆေးတွေရော၊ ဦးမြင့်သန်းစာတွေရော လာဖတ်တယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA