Skip to main content

မှတ်ဉာဏ်မှ အမှတ်တရ သုညစာရင်း

အတိတ်ကို ပြန်တူးဆွကြည့်တော့
ဆေးလိပ်ပြာတွေ ဖွားခနဲ ကျလာတယ်
နေဦး အများကြီးကျန်သေးတယ်
ကျွန်တော် ပြောကြည့်မယ်လေ။

ပြီးတော့ …
၂၀၀ ကျပ်လို့ရေးထားတဲ့ ဂရမ်းရွိုင်ရယ် ပုလင်းအဖုံး နှစ်ဒါဇင်ကျော်
ဖှိုတီဖှိုက်နွယ်ချို နှစ်ရာဖိုးများ
ယဉ်နောက်လိုက်တွေက မေ့လျော့ခြင်းခံလိုက်ရတဲ့ တစ်ရာတန်များ
All Star စာစောင်ထဲက N ကြယ်မင်းရဲ့ တီတီတာတာ စကားများ
Sakura Tower အောက်က သူတောင်းစားလေးများရဲ့ အင်္ဂလိပ်အသံထွက်
MFTB ထဲက ပြန်ထွက်လာတဲ့ စွန်းထင်းညစ်ထေး ဒေါ်လာတစ်ထောင်များ
ရန်ကုန်ဘူတာကြီးထဲက မတီးလိုက်ရတဲ့ ဆင်စွယ်ရောင် ဂစ်တာရှိုတ်လေးတစ်လက်
အကြွေးမှတ်လို့ရတဲ့ မြို့သစ်အရက်ဆိုင်တချို့
ကာဖှူးည ပေတရာလမ်းပေါ်မှာ သူရဲကောင်းဆန်စွာ ရေတွက်ခဲ့သော ကြယ်စင်များ
ရဟတ်စီးရင် အကျချည်းပဲ ဖြစ်ချင်နေခဲ့တဲ့ ကလေးဆန်ဆန် အစွဲအလန်း
သူမတို့၏ ပါးစပ်မှ လှလှပပ ထွက်ကျလာခဲ့သော သဒ္ဒါမှားယွင်း အငြင်းဝါကျများ
အဆိုပါဝါကျများဖြင့် လုပ်ကြံဖန်တီးခဲ့မိလေသော ရယ်ရွင်ဖွယ် အလွမ်းများ
ဓာတ်လှေကားအတွင်းမှ ဘယ်ခလုတ်နှိပ်ရမည်မသိသော ဒွိဟများ
ပွဲမပြီးခင် မီးခဏခဏသေတတ်လို့ ခဏခဏ ခြစ်ရတဲ့ သူဇာ
ဒူလာကောင်းတယ်ဟလို့ မချိုမချဉ်မျက်နှာပေးနဲ့ပြောတတ်တဲ့ လူပျိုကြီးတစ်ယောက်
မြန်မာ့အတော်ဆုံး အိုင်တီသမားချာတိတ်နှင့် ပူးတွဲသရေကျခဲ့သော သွားကြားထိုးပြိုင်ပွဲ
ခေတ်မီဆန်းပြားဗိုင်းရပ်စ်ပိုးများအား ဂိုးလေဘယ်ခြောက်ပက်ဖြင့်
မိုက်မိုက်ကန်းကန်း ခုခံကာကွယ်ခဲ့ရသော ထရိုဂျန်ညစာစားပွဲ
အသံမကောင်းသော အဆိုတော်တစ်ဦးနှင့် ပွင့်ပွင့်လင်းလင်း စကားပြောမိခြင်း
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တဲ့ လက်ထဲက ဒမ်ဘဲလ်များ
ရှေ့မရောက်တဲ့ Jogging စက်များအပေါ်မှာ ဂီတမပါဘဲ လမ်းသလားခြင်းများ
ညီလေး ခြေတစ်ဖက်စာလောက်တောင်းဆိုမှုအား ခြေဖမိုးပေးသနားခဲ့ခြင်းများ
ဖျက်ချလိုက်မှာပေါ့… အစရှိသည့် ပန်းဖြူ၏ အကယ်ဒမီရှော့များ
အင်းယားလမ်းကို ဖြတ်မောင်းတဲ့ လိုင်းကားအား ကြံစည်တွေးဆရမှုများ
ဂစ်တာကြိုးပြတ်တာကို မျက်စိကိုမမှန်လို့ အမြဲကျေးဇူးတင်တတ်တဲ့
အကောင်းမြင်ဝါဒီ ရွာသာကြီးပြန် သူငယ်ချင်းတစ်ယောက်
ဗြဟ္မာကြီး ဦးခွံအား ဖလားလုပ်ပြီးကစားသော သင်္ကြန်တွင်းလေးရက်
ကာရာအိုကေခန်းထဲမှာ သီချင်းမဆိုဖြစ်ရခြင်းအကြောင်းရင်း
နောက်ဆုံးကား အမြဲမီခဲ့တဲ့ သန်းခေါင်ကျော်ရန်ကုန်ညများ
ဂုန်းတံတားအောက် ဆန်ကွဲယက်နေရှာသော ဝေနေယျများနှင့် အကြည့်ချင်းမဆုံဖြစ်ခြင်းများ
မိတ်ဆွေတို့ တည်ခင်းသော လက်သီးများအား မြိန်ရည်ယှက်ရည် စားသုံးရခြင်း
ရေခဲတုံးတလှည့် မြေပဲလုံးတစ်လှည့် ယူဆောင်လာပေးသော စားပွဲထိုးလေးများ
အတူတူ ဝေမျှသုံးစွဲခဲ့သော တစ်ခါသုံးတူများ
အောင်သုခမှ ငါးပိရည်ခွက်နှင့် ဒညင်းသီးပြုတ်များ
မျက်ရည်တောက်တောက်ကျလောက်သော စွမ်းအားပြင်းမုန်းဟင်းခါး
ရထားလမ်းပေါ်တွင် သက်စွန့်ဆန်ဖျား ဈာန်ဝင်စွာ စာဖတ်ပြခြင်း
မြောက်ကိုရီးယားသံအမတ်အား စိန်လက်စွပ်တစ်ကွင်း အောင်မြင်စွာ အကြမ်းဖက်ရောင်းချခြင်း
အမြဲတစေ အားစိုက် တွန်းဖွင့်ရသော British Council က မှန်တံခါးထူထူကြီး
ဖုံတွေ အခြေတကျ နေထိုင်ရာ ရှုးဖိနပ်ဖြူဖျော့ဖျာ့
ကြိုးရှည်ရှည်ဖြင့် လှန်ထားခဲ့သော ခပ်ချောချော မာကတ်တင်း မိန်းကလေးများ
Tele Port က မျက်နှာထားတင်းတင်းနဲ့ တဗြောဗြော ငွေရေစက်
အခမဲ့ အော့အန်ခွင့်ရှိသော Junction 8 ရှိ Rest Room
Summit Parkview Hotel Ball Room ထဲမှ ၀ိုင်ဖြူပုလင်းပျောက်ဆုံးမှုကြီး၏ သံသယတရားခံ
DJ Bar ရောင်စုံမီးများအောက်မှ Dancing Floor ရှိ ကောက်ကြောင်းများအား
ဒဿနရှုထောင့်မှ တွေးခေါ်နေခဲ့သော အဆင့်မြင့်ဝေဒနာရှင် ယမကာလုလင်
ဟိုတစ်ဖက်ကမ်းက တရားဒေသနာအရောက်မှာ အသံကြောင်သွားခြင်း
နေဦး မပြီးသေးဘူး
သန်းများတဲ့ ကြောင်တစ်ကောင် ညှောင်လို့အော်နေတာကျန်ခဲ့သေးတယ်
ပြီးတော့ သတိရဖို့ သတိမရတဲ့ သတိမရစရာ အကြောင်းများစွာ
အားလုံး အားလုံးပေါင်းလဒ်ဟာ
များပြားလှပါတယ်။

သုညတွေအားလုံး ပေါင်းလဒ်ဟာ သုညပြည့်လုနီးပါးပဲ
ကဲ… တွေ့ပြီလား
ကျွန်တော်ကလည်း သိပ်နှမြောတတ်တဲ့လူတစ်ယောက်ဆိုတာ…။




တေဇာ (လရောင်လမ်း)

Comments

  1. သုညတွေအားလုံး ပေါင်းလဒ်ဟာ သုညပြည့်လုနီးပါးပဲ
    ကဲ… တွေ့ပြီလား
    ကျွန်တော်ကလည်း သိပ်နှမြောတတ်တဲ့လူတစ်ယောက်ဆိုတာ

    မိုက်တယ်ဗျို့။

    ReplyDelete
  2. ဘာလဲလို့ ဖတ်မိပါတယ်၊ ဘာမှလည်း မဟုတ်ပါလား..။

    အဲလိုလား.. ??? :P

    ReplyDelete
  3. နှမြေစရာအတော်များတဲ့ လူပါလား။ ခင်ဗျားကဗျာဖတ်ပြီး ဘာလွမ်းလို့ လွမ်းရမှန်း မသိသလိုလို ။ ဘာကိုလွမ်းလို့ လွမ်းမှန်း မသိသလိုလိုဖြစ်သွားတယ်။

    ReplyDelete
  4. 0+0+0+0+.....+ + + + += 0
    V r of NOTHING !!!!

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ