Skip to main content

ခမောက်များ

ရိုးထဲမှာ နေကျဲကျဲတောက်ပူနေတယ်
ပက်ကြားအက်တွေ ပြုံးရယ်တယ်
မနွဲ့ဘူး တို့ကလည်း
လက်ဦးထဲက လယ်သမားတွေ
ပက်ကြားအက် အပြုံးတွေပေါ်
သံမဏိခြေခဏာတွေနဲ့ ဖြတ်လျှောက်မယ်
စပါးရိုးပြတ်တွေ ကြား
ကောက်သင်းကောက်စားနေတဲ့ အလေဏတောလေးတွေကို
အင်းခွေးလေး အောင်နက်က တာဝန်ယူလိမ့်မယ်။

ရိုးထဲက ကျဲကျဲတောက်နေရောင်အောက်
လက်ဖြောင့်တဲ့ နွားကျောင်းသားလေးများ
ဂဏန်းကျစ်စာခဲတွေကို ဖင်ခုထိုင်နေကြ
လက်ထဲမှာ ကျွဲချိုလေးဂွတွေနဲ့
မိဘဘိုးဘွားအမွေ
အမြင်မှာ အရောင်မှေးမှိန်နေတဲ့
ခမောက်တွေ ကိုယ်စီဆောင်းလို့
လေပြင်းတစ်ချက်အဝေ့မှာ လွင့်ကျမသွားရအောင်
မေးသိုင်းကြိုးတွေ တင်းလိုက်ကြဦးစို့…။

တေဇာ (လရောင်လမ်း)

Comments

  1. မေးသိုင်းကြိုးတင်းထားလိုက်ပြီ။ ကျေးဇူး ကိုတေဇာ

    ReplyDelete
  2. Storm is coming... tie firmly our hats !! OKey....

    ReplyDelete

Post a Comment