မဟာဂရုဏာ
အက်စကီးမိုး အဘိဓာန်မှာ
ဘုရားသခင်ဆိုတဲ့ နာမည် မပါဘူး
ဒါနဲ့တောင် သူတို့ကို
အေးချမ်းခွင့်ပေးထားသေးတယ်
အံ့ဖွယ်…။
ကမ္ဘာကြီး အေးခဲလာခြင်း
ပင်ဂွင်းငှက်တွေ နေပူဆာလှုံတယ်
ရေခဲတုံးတွေ ခိုက်ခိုက်တုန်တယ်။
သမားမဲ့ တစပြင်လမ်းတစ်လျှောက်
ကိုယ်ခြစ်ခြစ်တောက်ပူ နိမိတ်ကြီးသုံးပါးနဲ့။
ကမ္ဘာကြီးပူနွေးလာမှုအကြောင်း ကွက်စိပ်ဟောသူက
အေးစက်မာကျောလှတဲ့ မျက်နှာထားနဲ့။
ဂွကျခြင်း
မှန်ထဲက ချာတိတ်ကို
အမြဲလိုလို ကျီစယ်မိတယ်
အသက်ရှင်နေရတာ အသင်မရှက်ဘူးလားလို့။
ခက်တာက
တမင်, အသက်မရှူဘဲနေပြီး
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခဲ့သူကလည်း မရှိဖူးသေးပဲကိုး။
ဖျင်း
ကဗျာတွေက တိုတယ်နော်၊
ဟုတ်ကဲ့.. ပျင်းလို့။
ရသကလည်း လိုတယ်နော်၊
ဟုတ်ကဲ့.. ဖျင်းလို့။
သေရာပါအမာရွတ်တွေနဲ့ စပ်ဖြဲဖြဲလုပ်နေသူဟာ
ဖျင်းဖျင်းထအောင် ဖျင်းလို့ပေါ့။
အကျိုးစီးပွား
နောက်ဆုံးတော့
သင်္ဘောပင်လောကမှာ
ပုရိသ၀ါဒ ပေါ်ပေါက်လာတယ်။
အသီး,မသီးလို့ ရှင်းလင်းသုတ်သင်ခံရတာ၊
ခွဲခြားဆက်ဆံသူဟာ ဘယ်သူပါလဲ…။
တေဇာ (လရောင်လမ်း)
၂၇ ထိတောင် ရောက်လာပြီကိုး။ ကျုပ်တော့ အကုန်အစင် မဖတ်ဖြစ်/နိုင်သေးဘူးဗျာ။
ReplyDeleteဟိုတခုကတော့ မသီးတာ တခုတည်းကြောင့် မဟုတ်ဘူးလို့ ထင်တယ်ဗျ ကိုတေဇာရ။ အရိပ်လည်းမရ တခြားလည်း (ပင်စည်၊ အရွက်) သုံးမရဖြစ်လို့သာပါ။ အရိုးကတော့ သေနတ်တို့ ဆေးတံတို့ ဆပ်ပြာပူဖောင်းမှုတ်တံတို့ လုပ်ပြီး ဆော့လို့ရသားနော် ..အဟီး ။
ခင်ဗျား ပျင်းပုံ ဖျင်းပုံများတော့ ကျုပ်တောင် ရရင်လိုချင်သေးတယ်။
=)
မိုက်တယ်ဗျာ။ မဟာဂရုဏာနဲ့ အကျိုးစီးပွါးကို အကြိုက်ဆုံးပဲ။
ReplyDelete