တံငါသည် ညီအစ်ကို သုံးဦးဟာ ငါးဖမ်းထွက်ရင်း မုန်တိုင်းမိကြတယ်။ ပင်လယ်ထဲမှာ ရက်အတန်ကြာ မျောနေပြီးတဲ့နောက် နောက်ဆုံးမှာ လူသူမရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်သွားကြတယ်။ ဆိုကြပါစို့ ဒဏ္ဍာရီပုံပြင်လေး တစ်ပုဒ်လို့ပဲ။ ကျွန်းလေးက အတော်သာယာပါတယ်။ ကျွန်းပေါ်မှာ အုန်းသီးတွေ ပြွတ်သိပ်အောင် သီးနေတဲ့ အုန်းပင်တွေ အပြည့်ပဲ။ ပြီးတော့ ကျွန်းရဲ့ အလယ်တည့်တည့်မှာ အလွန်ကြီးမားတဲ့ တောင်ကြီးတစ်လုံး ရှိတယ်။ ကျွန်းပေါ်ကို သောင်တင်ခဲ့တဲ့ ညက သူတို့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားကြတယ်။ ထူးခြားတာက အဲဒီညက သူတို့ရဲ့ အိပ်မက်တွေထဲမှာ ဘုရားသခင် ကိုယ်ထင်ပြခဲ့ပါတယ်။
ကမ်းခြေကနေ အနည်းငယ်ဆက်သွားလိုက်ရင် အသင်တို့ ကျောက်တုံးကြီး သုံးတုံးကို တွေ့လိမ့်မယ်။ အသင်တို့ကို တစ်ယောက် တစ်တုံးစီ တွန်းဖို့ ကျွန်ုပ် အလိုရှိတယ်။ ကိုယ် တွန်းနိုင် သလောက်ပါပဲ။ ဆက်မတွန်းချင်တော့တဲ့နေရာရောက်ရင် ရပ်လိုက်လို့ရပါတယ်။ အဲဒီ ရပ်လိုက်တဲ့ နေရာဟာ အဲဒီသူ နေရမယ့် နေရာပဲ။ တောင်ပေါ်ကို မြင့်မြင့်ရောက်အောင် တွန်းတင်နိုင်လေလေ၊ နေထိုင်ရာ အိမ်ကနေ ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ မြင်ရလေလေပေါ့။ ကျောက်တုံးကို ဘယ်လောက် အကွာအဝေးအထိ တွန်းတင်မယ်ဆိုတာက အသင်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ။ ဒီလိုပြောပြီး ဘုရားသခင်ဟာ ညီအစ်ကိုသုံးဦးရဲ့ အိပ်မက်ထဲက ပျောက်ကွယ်သွားခဲ့ပါတယ်။
ကမ်းခြေကနေ အနည်းငယ်ဆက်သွားလိုက်ရင် အသင်တို့ ကျောက်တုံးကြီး သုံးတုံးကို တွေ့လိမ့်မယ်။ အသင်တို့ကို တစ်ယောက် တစ်တုံးစီ တွန်းဖို့ ကျွန်ုပ် အလိုရှိတယ်။ ကိုယ် တွန်းနိုင် သလောက်ပါပဲ။ ဆက်မတွန်းချင်တော့တဲ့နေရာရောက်ရင် ရပ်လိုက်လို့ရပါတယ်။ အဲဒီ ရပ်လိုက်တဲ့ နေရာဟာ အဲဒီသူ နေရမယ့် နေရာပဲ။ တောင်ပေါ်ကို မြင့်မြင့်ရောက်အောင် တွန်းတင်နိုင်လေလေ၊ နေထိုင်ရာ အိမ်ကနေ ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ မြင်ရလေလေပေါ့။ ကျောက်တုံးကို ဘယ်လောက် အကွာအဝေးအထိ တွန်းတင်မယ်ဆိုတာက အသင်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ။ ဒီလိုပြောပြီး ဘုရားသခင်ဟာ ညီအစ်ကိုသုံးဦးရဲ့ အိပ်မက်ထဲက ပျောက်ကွယ်သွားခဲ့ပါတယ်။
ဒီလိုနဲ့ ညီနောင်သုံးဖော်ဟာ ဘုရားသခင်ပြောတဲ့အတိုင်း ကျောက်တုံးကြီးသုံးလုံးကို တွေ့ကြရော ဆိုပါတော့။ ဘုရားသခင် ညွှန်ကြားတော်မူတဲ့အတိုင်း တစ်ယောက်တစ်လုံးဆီ တွန်းတင်ကြပါတယ်။ တကယ်တော့ ကျောက်တုံးကြီးတွေဟာ ဧရာမကြီးတွေပါ။ အလွန်လေးလံလွန်းလို့ လှိမ့်ဖို့ဆိုတာ အတော် ပင်ပန်းတဲ့အလုပ်ပါ။ ဒါထက် ဆင်ခြေလျှောအတက်လမ်း တောင်ပေါ်ကို တွန်းတင်ဖို့ကတော့ အလွန်ခက်ခဲလှတဲ့ ကိစ္စကြီးပါပဲ။ ညီအစ်ကိုသုံးဖော်ထဲက အထွေးဆုံးညီလေးက အရင်ဆုံး လက်လျှော့သွားပါတယ်။ ဒီနေရာလောက်ဆို တော်ပါပြီ။ ဒီနေရာလေးက သာယာသားပဲ။ ကမ်းခြေနဲ့နီးလို့ ကျွန်တော် ငါးဖမ်းစားနိုင်တယ်။ အသက်ရှင်နေထိုင်ဖို့အတွက် အစစအရာရာ ပြည့်စုံနေတဲ့ နေရာလေးပဲ။ ဒီနေရာလေးဆိုရင် တော်ပါပြီလို့ သူက အစ်ကိုတော်နှစ်ဦးကို ပြောလိုက်တယ်။ ဒီနေရာကနေ ကမ္ဘာကြီးကို များများမမြင်ရဘူးဆိုရင်လည်း သူက စိတ်မရှိပါဘူးတဲ့။
ဒီလိုနဲ့ ကျန်တဲ့ညီနောင်နှစ်ဦးဟာ ခရီးဆက်ခဲ့ကြတယ်။ ဒါပေမဲ့ တောင်ရဲ့အလယ်လောက် ရောက်တော့ ညီလတ်ဟာ လက်မြှောက်သွားပြန်တယ်။ သူက အစ်ကိုကြီးကို ပြောတယ်။ ဒီနေရာလောက်ဆို ကျွန်တော့်အတွက်တော့ အတော်အဆင်ပြေပါပြီ။ သစ်သီးတွေလည်း အများကြီးပဲ မဟုတ်လား။ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့ အစစအရာရာ ဒီနေရာမှာ ပြည့်စုံနေတယ်။ ဒီနေရာကနေ ကမ္ဘာမြေကြီးကို သိပ်များများမမြင်ရဘူးဆိုရင်လည်း ကျွန်တော့်အတွက် အဆင်ပြေပါတယ်လို့ သူက ဆိုတယ်။ ဒီလိုနဲ့ အစ်ကိုကြီးတစ်ဦးတည်း ခရီးဆက်ခဲ့ပြန်တယ်။
တောင်တက်လမ်းဟာ ပိုမိုကျဉ်းမြောင်း၊ မတ်စောက်လာပေမဲ့ သူကတော့ အလျှော့မပေးဘူး။ အစ်ကိုကြီးဟာ အလွန်ခိုင်မာတဲ့ ဇွဲသတ္တိရှိတယ်။ ပြီးတော့ သူက ကမ္ဘာကြီးကို သူ တတ်နိုင်သလောက်၊ ကြည့်ခွင့်ရှိသလောက် ကျယ်ပြန့်စွာ မြင်ချင်တယ်။ ဒါဟာ သူ့ရဲ့ ဗီဇစိတ်ပဲ။ ဒီတော့ သူဟာ လေးလံလှတဲ့ ကျောက်တုံးကြီးကို မတ်စောက်လှတဲ့ တောင်တက်လမ်းမှာ အရှုံးမပေးတမ်း ဆက်လက်တွန်းတင်နေခဲ့တယ်။ မိုက်မိုက်ကန်းကန်း အားထုတ်မှုတွေနဲ့ပေါ့။ သူဟာ လပေါင်း၊ နှစ်ပေါင်းများစွာကြာအောင် အစာငတ်၊ ရေငတ်နဲ့ ခရီးဆက်နေခဲ့တယ်။ သူ့အတွက်တော့ ဒီအလုပ်ဟာ သူ့ရဲ့ဗီဇစိတ်ဖြစ်တဲ့ ကမ္ဘာကြီးကို မြင်ချင်တဲ့ဆန္ဒဇောကြောင့် လုပ်နေရတာဖြစ်လို့ အဓိပ္ပာယ်တစ်စုံတရာ ရှိနေတယ်။ ဒီလိုနဲ့ မြင့်မားလှတဲ့ တောင်ထိပ်ကို ရောက်သည့်တိုင်အောင် သူဟာ ဧရာမကျောက်တုံးကြီးကို တစ်ကိုယ်ရည် လှိမ့်တင်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူဟာ ကျောက်တုံးကြီးနဲ့အတူ တောင်ထိပ်ပေါ်မှာ ခြေချနိုင်ခဲ့ပါတယ်။ သူဟာ တောင်ထိပ်ပေါ်မှာ မတ်မတ်ရပ်ပြီး ကမ္ဘာကြီးကို ရင်သပ်ရှုမော ငေးမောနေလိုက်တယ်။ အခုတော့ သူဟာ မည်သူထက်မဆို ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ မြင်တွေ့နိုင်သူပဲပေါ့။ သူ အမြဲနေထိုင်ရမယ့် နေရာဟာ ကမ္ဘာကြီးကို မြင်ကွင်းကျယ်နဲ့ မြင်နိုင်တဲ့ နေရာပဲပေါ့။ တစ်ခုရှိတာက တောင်ထိပ်မှာက မြက်ပင်တွေ ပေါက်မနေဘူး။ ပြီးတော့ ငှက်ကလေးတွေလည်း မရှိဘူး။ နောက် ရေမရှိဘူး။ ရေဆာရင် သူဟာ ရေခဲနဲ့ နှင်းတွေကို လျှာနဲ့လျှက်ရပါတယ်။ အစားအသောက်အတွက်ကတော့ ရေညှိတွေကို ၀ါးထွေးလုပ်ပြီး အာသာဖြေရတယ်။ သို့တိုင် သူနောင်တမရခဲ့ဘူး။ သူဟာ အခု ကမ္ဘာကြီးကို မြင်ကွင်းကျယ်နဲ့ မြင်နိုင်သူတစ်ယောက် ဖြစ်နေခဲ့ပြီကိုး။ ဒါဟာ သူ့ရဲ့ ဗီဇမီးပဲကိုး။ သူဟာ တောင်ထိပ်မှာ ထာဝစဉ် အခြေချနေထိုင်ခဲ့ပါတော့တယ်။
ကြီးမားတဲ့ကျောက်တုံးကြီး တည်ရှိနေတဲ့ အဲဒီ တောင်ထိပ်ကို ယနေ့ထိ ဟာဝိုင်ယီ ကျွန်းပေါ်မှာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ ကြီးမားတဲ့ ဇွဲသတ္တိနဲ့ စူးစမ်းစွန့်စားမှုတွေရဲ့ နောက်ဆုံး ရလဒ်ဟာ နှင်းမှုန်တွေနဲ့ ရေညှိတွေပဲလား။ ဒါမှမဟုတ် မြင်ကွင်းကျယ်ကမ္ဘာကြီးလား။ ငါးဟင်းစားပြီး အုန်းရည်သောက်နေတဲ့ ညီငယ်လေးနဲ့ သစ်သီးဝလံ မျိုးစုံနဲ့ ပွဲတော်တည်နေတဲ့ ညီလတ်တို့လည်း ကိုယ့်ရဲ့ဘ၀ကိုယ် သာယာကျေနပ်နေကြပါလိမ့်မယ်။ ဒီတော့ ဒါဟာ အလွမ်းဇာတ်လား၊ ပျော်ရွှင်အားတက်ဖွယ် ဇာတ်သိမ်းလား ဆိုတာ ရွေးချယ်မှု ကိစ္စသာ ဖြစ်ပါလိမ့်မယ်။ ဒါဟာ ဘ၀ရဲ့ `အဓိပ္ပာယ်မဲ့မှု´ (Absurd) သဘောတရားတစ်ခုလို့ ယူဆမယ်ဆိုရင် ဘ၀ကို ထပ်တူပြုနိုင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကျိုးကြောင်းမဆီလျော်မှုဟာ ဘ၀ရဲ့ပြယုဒ်တစ်ခုလို့ လက်မခံဘူးဆိုရင်တော့ အစကပြောခဲ့သလို ဒါဟာ ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်လို့သာ ဆိုလိုက်ကြပါစို့။
တေဇာ (လရောင်လမ်း)
Ref: Haruki Hurakami ၏ After Dark မှ မှီငြမ်းရေးသားပါသည်။
Theme: Intellectual Curiosity
i know myself definately that i can't reach the top of mountain !
ReplyDeletecozof lack of perseverance , up & down faith.
But i envy them who can .