Skip to main content

ချောင်းကလေး (The Brook)


I come from haunts of coot and heron,
I make a sudden sally
And sparkle out among the fern,
To bicker down a valley.

By thirty hills I hurry down,
Or slip between the ridges,
By twenty thorpes, a little town,
And half a hundred bridges.

Till last by Philip’s farm I flow
To join the brimming river,
For men may come and men may go,
But I go on for ever.

I chatter over stony ways,
In little sharps and trebles,
I Bubble in to eddying bays,
I babble on the pebbles.

With many a curve my banks I fret,
By many a field and fallow.
And many a fairy foreland set,
With willow-weed and mallow.

I chatter, chatter, as I flow
To join the brimming river,
For men may come and men may go,
But I go on for ever.

Alfred Lord Tennyson

ချောင်းကလေး

ရေကြက်နဲ့ဗျိုင်းတို့ ကျက်စားရာများမှ ကျွန်တော်စထွက်၊
ကျွန်တော် ရုတ်တရက်ထွက်ပေါ်ခြင်းတစ်ခု ပြုလို့။
ပြီးတော့ ဖန်းရေညှိပင်ကြားမှာ တဖျပ်ဖျပ်လက်၊
တောင်ကြားတစ်ခုမှ အတင်းကလေးပြေးဆင်းဘို့။

ကျွန်တော်မြန်မြန်ဆင်းလာတာက တောင်ကုန်းသုံးဆယ်ဘေး၊
သို့မဟုတ် လျှောတိုက်လာတာက ကုန်းတန်းများနှစ်ခုကြား။
မြို့ငယ်က တစ်မြို့နဲ့ ရွာတွေက နှစ်ဆယ်ဘေး၊
ပြီးတော့ တစ်ရာရဲ့တစ်ဝက်သော တံတားတွေအောက်နား။

နောက်ဆုံးတော့ ဖီးလစ်တို့ခြံနားတိုင် ကျွန်တော်စီးလျှက်၊
ကမ်းနဖူးထိရေပြည့်နေတဲ့ မြစ်ကြီးနဲ့ပေါင်းဖို့။
လူတွေလာနိုင်ရေးနဲ့ လူတွေသွားနိုင်ရေးအတွက်
သို့သော် ကျွန်တော်ကတော့ အမြဲခရီးဆက်လို့။

ကျောက်ခဲထူတဲ့လမ်းများပေါ်မှာ ကျွန်တော်တတွတ်တွတ်ဟဲ၊
အသံမြင့်များနဲ့ အမြင့်ဆုံးအသံများ သေးသေးဖွဲ့။
ကျွန်တော် ပလုံစီမှာက ၀ဲလှည့်နေတဲ့ပင်လယ်အော်များထဲ၊
ကျောက်စရစ်ခဲများပေါ်မှာလည်း ကျွန်တော် ဗလုံးဗထွေးနဲ့။

ကွေ့ကောက်များနှင့်အတူ ကျွန်တော့်ကမ်းပါးများ ကျွန်တော်ဖဲ့ခြွေ
စိုက်ခင်းနှင့် မြေလွတ်တွေများစွာအနား။
ပြီးတော့ လှပတဲ့အငူများစွာကို ဖြစ်ပေါ်စေ၊
အတူတကွသော မိုးမခပေါင်းပင်နဲ့ ပန်းဖရုံမြက်ခင်းများ။

ကျွန်တော်စီးနေစဉ်မှာ ကျွန်တော် တတွတ်တွတ်ဟဲလျှက်
ကမ်းနဖူးထိရေပြည့်နေတဲ့ မြစ်ကြီးနဲ့ပေါင်းဘို့။
လူတွေလာနိုင်ရေးနဲ့ လူတွေသွားနိုင်ရေးအတွက်
သို့သော် ကျွန်တော်ကတော့ အမြဲခရီးဆက်လို့။


ဘာသာပြန်သူ၊ လန်ထောင်စပ်စုလေး

မှတ်ချက်။ မူရင်းကဗျာမှာ (၁၃) ပိုဒ်ပါရှိရာ ယခုဘာသာပြန်တွင် (၆) ပိုဒ်သာ ပါဝင်ပါသည်။ ဖြည့်ပါမည်။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”