Skip to main content

အတိုးဆုံးကဗျာများ (၂၈)

ပက်ကျိကမ္ဘာမှ ကဗျာ၏အခန်းကဏ္ဍ


ကဗျာနဲ့ ကမ္ဘာကိုသိမ်းပိုက်ကြစို့
ပက်ကျိလေးရေ...
နှေးတယ် နှေးမယ်
ပြီးတော့
ဖြေးဖြေးဆေးဆေးလေးပေါ့ကွယ်။

ဝေး

သူ(မ)ကို ကျောခိုင်းမလို့ပါပဲ
ဒါပေမဲ့ ကျွန်တော်တို့ မျက်နှာချင်းမဆိုင်ဖြစ်ကြသေးဘူး
သူ(မ)ကို နှုတ်ဆက်ထွက်ခွာဖို့
ကျွန်တော့်မှာ
မိုင်ထောင်ချီ နှင်နေရဆဲပါ
သူ(မ) ရှိရာဆီ။

ဆွေး

အလင်းဝင်တယ်ဆိုတာမျိုး ပြောဖို့တော့
တောခိုဖူးဖို့ လိုတာပေါ့
ဒီလိုသာ နေရောင်ဟာ
ဘယ်တော့မှ အမြင်မှန်မရနိုင်လောက်အောင်
မှောင်ပေတာပေါ့။

ကာလတရား၏ သဘာဝ

နေ့ခင်းကြီးက ကြောင်တောင်တောင်နဲ့
သန်းခေါင်ဆိုတော့လည်း မှောင်ရှာပါတယ်
ကျွန်တော်ကလည်း နံနက်ခင်းဘ၀မှာ
ရိုးသားစွာ ထွန်းလင်းနေပါတယ်
အပြစ်မတင်ကြပါနဲ့။

ဒိုင်

လူဆိုးနဲ့ လူယုတ်မာ
နှစ်ဖဲထဲပေးတယ်
ကျွန်တော်က ဘယ်လိုကံကြမ္မာနဲ့ လှန်ရမှာလဲ။
ဖဲမရိုက်တတ်တော့လည်း
လူညံ့တဲ့လေကွယ်။

တေဇာ (လရောင်လမ်း)

Comments

  1. အတိုလေးတွေကိုပဲရွေးဖတ်သွားပါတယ်ဗျာ ...

    ReplyDelete
  2. 'ဝေး' ကြိုက်တယ်။

    jr

    ReplyDelete

Post a Comment