လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံးကဗျာများ (၃၉)

ကာကွယ်မှု

သေရင်တောင်
ကျားယောင်ဆောင်သွားမယ်
ဘယ်သူမှ အသက်မသွင်းမိစေရအောင်
ကျားဖြစ်ပြီးသား, ကောင် ဆိုရင်တော့
သေချင်ယောင်ဆောင်ဖို့ လိုပြီပေါ့။

ဝင်မဆံ့

အရာရာဟာ ခေါင်းဝင်ကိုယ်ဆံ့ပါ
ဒါနဲ့တောင် ကျွန်တော့်မှာ
လိပ်ဘ၀က ကျွတ်ဖို့လိုနေသေးတယ်
အခွံမပါဘဲ ၀င်ဆံ့ပစ်လိုက်ဖို့ဆိုတာ
ပျော့တွဲတွဲကြီးနေမှာ။

ကိရိယာ

ကိုယ်ဟာ မင်းကို ကစားနေတဲ့
အရုပ်ကလေးကွဲ့
ဒါနဲ့ မင်းကဘာလဲ။

မျက်နှာဖုံးများ

မှတ်ဉာဏ်ကြီးမြင်ရဲ့သားနဲ့
အတိတ်တဲ့
စိတ်ကူးစိတ်သန်းဟာ 
အနာဂတ်ယောင်ဆောင်တတ်တာရော
ကြားပြီးပြီလား။

တူးဖော်ရေး လုပ်ငန်းစဉ်

အသစ်တွေ့ရှိတဲ့ ရုပ်ကြွင်းကို
သက်တမ်းအရင့်ဆုံးဖြစ်ဖို့ မျှော်လင့်မိတာပါ
ပြိုင်ဘက်တွေအားလုံး
အတုံးအရုံး လက်ဦးပါစေ
ပြုံးပြုံးလေးနေစို့။

တေဇာ (လရောင်လမ်း)

2 comments:

မိုးယံ said...

လိပ်ဘ၀က ကျွတ်ဖို့လိုနေသေးတယ်
အခွံမပါဘဲ ၀င်ဆံ့ပစ်လိုက်ဖို့ဆိုတာ
ပျော့တွဲတွဲကြီးနေမှာ။

ကောင်းကင်ကို said...

ဘာယောင် ဆောင်ရရင်ကောင်းမလဲ။

Post a Comment