ပုတ်သင်ညို ကျောင်းတက်နေတဲ့ ကလေးငယ်တွေဟာ ကြောင်တွေ၊ ခူကောင်တွေ၊ သစ်ရွက်အခြောက်တွေ၊ ဂေါ်ဘီအဖြူထုပ်တွေ၊ သစ်တော်သီးတွေနဲ့ ခရုတွေကို ပန်းချီရေးဖို့ သင်ယူကြရတယ်။ ဒါပေမဲ့ ပုတ်သင်ညိုရေးဆွဲနည်းကို သင်ကြားဖို့ကိစ္စကျတော့ ဘယ်သူမှ မစဉ်းစားကြဘူး။ အကြောင်းပြချက်က ပုတ်သင်ညိုတစ်ကောင်ရေးဖို့ဆိုတာ အလွန်ခက်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့ ယူဆချက်ထဲမှာ ရှိလေရဲ့။ ဒီလိုအယူအဆဟာ အမှန်တရားနဲ့ ဝေးလွန်းလှသပေါ့။ တကယ်က ပုတ်သင်ညိုတစ်ကောင်ရဲ့ပုံကို ရေးဆွဲရတာဟာ အခြားသောသတ္တ၀ါမှန်သမျှကို ရေးရတာထက် လွယ်ကူတယ်။ ပုတ်သင်ညိုကိုရေးတဲ့အခါ ဖယောင်းခဲ ဘယ်အရောင်ကိုသုံးရမလဲဆိုပြီး ပူပင်ကြောင့်ကြစရာ မလိုအပ်ဘူး။ ဘယ်အရောင်ကိုပဲသုံးသုံး အိုကေသွားမှာပဲ။ ဟေ့.... ဒါကဘာစိတ်ကူးလဲ။ ကျုပ်က အ၀ါရောင်ဟာကို မင်းက အပြာရောင်နဲ့ ရေးဆွဲထားပါလားလို့ ပုတ်သင်ညိုတစ်ကောင်ကများ လာပြီး ပြဿနာရှာတယ်ဆိုပါတော့။ ဒီမယ် ကိုယ့်လူ၊ ဒါ ခင်ဗျားရဲ့ မနေ့ကပုံကို ရေးထားတာလို့သာ ပြန်ပြောပစ်လိုက်။ ဒါမျိုး ပြန်ပြောလိုက်လို့ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဘာအန္တရာယ်မှလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ ပုတ်သင်ညိုဟာ မနေ့က သူ့ရဲ့အရောင် ဘယ်လိုရှိခဲ့သလဲဆိုတာကို ကောင်းကောင်းမှတ်မိမှာ မဟုတ်လို...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။