Skip to main content

အ၀ါရောင် သတ္တုစများ

`ငါတော့ မယုံပါဘူးကွာ´

စာအုပ်ထူကြီးကို လှန်လှောဖတ်နေသူက ခပ်ညည်းညည်းပြောလိုက်၏။ ဓာတ်တုပစ္စည်း ရှာဖွေရေးကိရိယာကြီး၏ဒိုင်ခွက်ကို ငုံ့ကြည့်နေသူနှစ်ဦးအနက် တစ်ဦးက…

`ဟေ့ကောင် မင်းယုံတာမယုံတာဟာ ငါတို့အခုလာရတဲ့ကိစ္စနဲ့ ဘာမှမပတ်သက်ဘူး။ အားအားရှိတိုင်း အဲဒီစာအုပ်ကြီးကိုဖတ်ပြီး ထင်မြင်ချက်တွေ လျှောက်ပေးမနေစမ်းနဲ့´

ဟု ပြန်ပြောလိုက်၏။ ထိုသို့ လှည့်ပြောနေခိုက်မှာပင် ဒိုင်ခွက်ကိုကြည့်နေသူ ကျန်တစ်ယောက်က သူ့အဖော်ကို လက်တို့ပြီး…

`ဟာ… ဒီကောင့်ကို အရေးလုပ်ပြီး ပြောမနေစမ်းပါနဲ့၊ ဟော..ဟော..ကြည့်… ဒီမှာကြည့် မြေကြီးအသန့်ကို တွေ့နေပြီ´

`အနက်တိုင်းမီတာကို ဖတ်စမ်း၊ ဖတ်စမ်း´

`ရှစ်ဆယ့်ခြောက် ဒသမ ငါးမီတာ´

ဟိုးခပ်လှမ်းလှမ်းတွင် တူးဖော်ရေးယန္တယားကို မောင်းနှင်နေသူက လက်ထဲမှ အချက်ပြ အမှတ်အသားကို ထောင်ပြ၏။ ကိရိယာဖတ်သူနှစ်ယောက်အနက်မှ တစ်ယောက် လှမ်းပြောလိုက်သည်။

`ရှစ်ဆယ့်ခြောက် ဒသမ ငါးမီတာဟေ့´

ယန္တယားမောင်းသူက ခေါင်းကို တစ်ချက်ညိတ်ပြပြီး ယန္တယားမောင်းတံခလုပ်ကို ဆွဲလိုက်၏။ ယန္တယားထိပ်တွင် တပ်ဆင်ထားသော သံမဏိဂေါ်ပြားကြီးသည် တအိအိ စိုက်ဆင်းလာသည်။ နောက် မြေကြီးထဲ နစ်ဝင်သွား၏။

`ဝေါ´

သံမဏိလက်တံကြီးကို မြေကြီးထဲမှ ပြန်ဖော်ယူလိုက်သောအခါ….။



(၂)

`ငါတော့ မယုံပါဘူးကွာ´

စာအုပ်ကို ဖွင့်ဖတ်နေသူက လေသံပျော့ပျော့ဖြင့် ပြောသည်။ သို့သော် သူ့အား မည်သူကမျှ ဂရုမစိုက်။ သံမဏိဂေါ်ပြားကြီးတွင် ပါလာသောအရာများကိုသာ ၀ိုင်းဝန်းစူးစိုက်ကြည့်ရင်း တစ်ယောက်တစ်ပေါက်ပြောနေကြ၏။

သံမဏိဂေါ်ပြားကြီးထဲတွင် ပြည့်နှက်နေသော အရာများကား အ၀ါရောင် သတ္တုအစအနများ….

`ဒီအ၀ါရောင်သတ္တုတွေကိုချည်း ဒီလောက်များများတွေ့နေရတာ အံ့သြစရာပဲ´

`ဟောဒီ ကုန်းမြေမှန်သမျှကို ဒီလိုသတ္တုတွေက ဖုံးထားတာဖြစ်မယ်´

`အို ဒီတော့လည်း ပိုကောင်းတာပေါ့၊ ငါတို့တော့ သူဌေးဖြစ်ပြီ´

စာအုပ်ကိုဖွင့်ဖတ်နေသူက ခေါင်းကို ဖြည်းဖြည်းခါယမ်းလိုက်ပြီး….

`ငါတော့ သိပ်မသင်္ကာဘူး၊ ကြည့်စမ်း… ဟောဒီအ၀ါရောင်သတ္တုအစအနတွေကို၊ ဒါဟာ သတ္တုအရိုင်းမဟုတ်ဘူး၊ အသိဉာဏ်ရှိသူတစ်ယောက်ယောက်က သေသေချာချာ သန့်စင်ထုတ်လုပ်လိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဟော..ကြည့်၊ ကြည့် အခေါင်းပေါက်ထွင်းထားတဲ့ပုံကိုကြည့်´

သို့သော် ယန္တရားမောင်းသူက …

`အဲဒီတော့ဘာဖြစ်သေးလဲ၊ ငါတို့က တစ်ခါထပ်ပြီး သန့်စင်ယူနေစရာ မလိုတော့ဘူးပေါ့။ ပိုတောင် သက်သာသေး၊ တောင်တောင်အီအီတွေ လျှောက်တွေးမနေစမ်းနဲ့ကွာ´

ဓာတုပစ္စည်းရှာဖွေရေးကိရိယာကိုင်သူကလည်း

`ဟုတ်တယ်ဟေ့ကောင်၊ ငါတို့တာဝန်က ဒီအ၀ါရောင်သတ္တုတွေကို ရှာဖွေဖို့ပဲ၊ ဒါတွေ များများရရင် ငါတို့ သူဌေးဖြစ်မယ်၊ ဟော.. အခုကြည့်စမ်း..၊ မြေသား အပေါ်မီတာ ခြောက်ဆယ်နဲ့ မီတာတစ်ရာကြားအထိ ဒီအ၀ါရောင်သတ္တုတွေ အပြည့်ဖုံးနေတာ၊ ကိုင်း… ငါတို့ ဘယ်လောက်ကံကောင်းထားသလဲ၊ ရှေ့လျှောက်ကုန်းမြေမှန်သမျှလည်း ဒီလိုချည်း နေမှာပဲ´

`…………………………´

`မင်းသာ စာအုပ်ကြီးတွေဖတ်ပြီး တွေးစရာမရှိ ကြံဖန်တွေးနေတာ၊ တော်…တော်.. မင်းကြောင့် ကျန်တဲ့လူတွေ အာရုံပျက်တယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကဲ… မင်းမြေပုံတွေ၊ စာတွေ ဖယ်စမ်းပါဦး၊ ဒီဧရိယာအကြောင်း…´

ယန္တရားမောင်းသူက သူ၏ သံမဏိဂေါ်ပြားကြီးကို မြေပေါ်သို့ စိုက်ချလိုက်ပြန်သည်။ တ၀ုန်းဝုန်းမြည်နေသော စက်ခုတ်မောင်းသံတို့အကြားတွင် စာဖတ်သံက မသဲမကွဲ ပေါ်ထွက်လာ၏။

`အခု တို့ရောက်နေတဲ့ ဒေသက တြိဂံပုံ ခပ်ဆန်ဆန်၊ အကျယ်အ၀န်းက ၁၉၁၄၁ စတုရန်းမိုင်ရှိတယ်၊ အနောက်တောင်ဘက်က ထုံးခြောက်တောင်တွေချည်းပဲ၊ အနောက်ဘက်နဲ့ တောင်ဘက်စူးစူးကိုဆက်သွားရင် ပင်လယ်ကိုရောက်မယ်၊ အလယ်ပိုင်းနဲ့ အရှေ့ဘက်မှာ ထင်းရှူးပင်တွေ ၀က်သစ်ချပင်တွေ ပေါတယ်၊ ဘာ့ခ်ျပင်တွေလည်း ပေါက်တယ်၊ အခု ငါတို့ မျက်နှာမူထားရာတည့်တည့်ဆက်သွားရင်တော့ ဘော့စနာမြစ်ဆိုတဲ့ မြစ်တစ်စင်းရှိတယ်၊ အင်း ဒါပေမဲ့ အခု ငါတို့ တူးဖော်တွေ့နေတဲ့ အ၀ါရောင်သတ္တုတွေ ထွက်တယ်လို့တော့ စာအုပ်ထဲမှာ ရေးမထားဘူးကွ…အင်း.. ဒါပါပဲ´

စကားအဆုံးသတ်သည်နှင့်ရောကာ သက်ပြင်းတစ်ချက်ကိုပါ ချဖြစ်သွား၏။

သို့သော် သူ့စကားကို မည်သူကမှ နားထောင်မနေကြ။ ထိုစဉ် ငေးနေသူတစ်ဦးက

`ဟော ဟိုဘက်မှာသွားရှာတဲ့ ငါတို့အဖွဲ့တွေ ပြန်လာကြပြီ´

အာရုံတွေ တလိမ့်ခေါက်ကွေး လျှံထွက်သွား၏။

`ဟေး….ဒီမှာ… ငါတို့ဒီမှာ´ `လာဟေ့..ဒီကိုလာကြဟေး´

ယန္တရားမောင်းသူကလည်း သူ့စက်ကို ရပ်ပစ်လိုက်ပြီး အော်ကာဟစ်ကာ ဆင်းလာသည်။ တစ်ဖက်မှ လေ့လာရေးအဖွဲ့မှာလည်း သူတို့လိုပင် ကိရိယာကိုင်တွယ်သူနှစ်ဦး၊ တူးဖော်ရေး ယန္တရားမောင်းနှင်သူတစ်ဦးနှင့် အသိပညာရှင်တစ်ဦး ပါဝင်၏။

သူတို့နှစ်ဖွဲ့ ဆုံလိုက်မိကြသည်နှင့် တစ်ပြိုင်နက် တစ်ဖက်အဖွဲ့မှ ရှာဖွေရေးကိရိယာ ကိုင်တွယ်သူက

`ဒီမှာလိုပဲဗျ၊ ဟိုဘက်ပိုင်းကမြေတွေ အားလုံးကိုလည်း အ၀ါရောင်သတ္တုစတွေ ဖုံးနေတာပဲ၊ မီတာ ၈၀-၉၀ လောက်အထိ ထုထည်ရှိတယ်´

`သက်ရှိတွေကော ရှိလား´

စာအုပ်ကြီးကိုဖတ်နေသူက ၀င်မေးလိုက်သည်။ အားလုံးက ခေါင်းခါကြ၏။

နောက်…….

သူတို့နှစ်ဖွဲ့ အပြန်အလှန် ပြောကြ၊ ဆိုကြ၊ အ၀ါရောင်သတ္တုစများ၊ ငါတို့တော့ သူဌေးဖြစ်ပြီ၊ စာအုပ်ကြီးကို ဖွင့်ဖတ်နေသူကတော့ ခေါင်းတယမ်းယမ်း။ စကားသံများ ဆူညံ ရယ်မော၊ သူဌေးဖြစ်ပြီ၊ အ၀ါရောင် သတ္တုစများ၊ အ၀ါရောင်သတ္တုစများ၊ စာအုပ်ကြီးကို ဖွင့်ဖတ်နေသူကတော့ ခေါင်းတယမ်းယမ်း၊ အ၀ါရောင် သတ္တုစများ၊ သက်ရှိကင်းမဲ့နယ်မြေ။

ထိုစဉ်မှာပင် တစ်ဖက်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက….

`ကိုင်း…ဒါဆို ကျုပ်တို့ သုတေသနစခန်းကိုပြန်ပြီး သတင်းပို့ကြရအောင်´

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

`အင်းလေ၊ သွားကြတာပေါ့၊ လောလောဆယ်တော့ ဒီအ၀ါရောင်သတ္တုစတွေကို နည်းနည်းလောက်ပဲ နမူနာယူသွားကြမယ်´

`စက်တွေကိုလည်း ထားခဲ့လေ၊ နောက်ပြန်လာရဦးမှာပဲ´

`အင်း…အင်း´

ထို့နောက် သူတို့အားလုံး အတောင်ပံများကို ဖြန့်လိုက်ကြသည်။

နောက် ကောင်းကင်ပေါ်သို့ အသီးသီးပျံတက်သွားကြ၏။

စာအုပ်ကြီးကို ဖွင့်ဖတ်နေသူက ခေါင်းကို ခါယမ်းလိုက်ပြီး နေရာမှ လေးတွဲစွာထသည်။ နောက် အတောင်ပံကို ပျင်းပျင်းရိရိဖြန့်၏။

`ငါတော့ မယုံပါဘူး´

သူ့စာအုပ်ကြီးကို အဖုံးပိတ်ပြီး လက်ထဲ ပွေ့ကိုင်လိုက်သည်။ အဖုံးပေါ်တွင် ရေးထားသည့် စာအုပ်ခေါင်းစဉ်က…..

`တစ်ချိန်က ကမ္ဘာမြေပေါ်တွင် သက်ရှိလူသားများ နေထိုင်ခဲ့ဖူးသလော´

သူ အတောင်ပံကို ဖြည်းဖြည်းချင်းခတ်ကာ လေထဲသို့ ပျံတက်လိုက်သည်။





(၃)

သူတို့အားလုံး အာကာသတစ်နေရာဆီသို့ ဦးတည်ပျံသန်းသွားနေကြ၏။ သူတို့လက်ထဲတွင် နမူနာအဖြစ် ယူဆောင်သွားသော အ၀ါရောင်သတ္တုစများသည် xxxxxxx ဖြစ်ကြောင်း သူတို့ မသိကြ။

(ဘော့စနီးယား အနိဌာရုံများ…သို့)

မင်းခိုက်စိုးစန်

Comments

  1. ဒါကို မဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရဖူးတယ်။
    အဲဒီတုန်းက မင်းခိုက်စိုးစန် ခု ဘယ်ပျောက်သွားမှန်း မသိဘူး။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA