သားငယ်လေးတစ်ယောက် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်မှာ ရက်ပေါင်းအတန် ကြာပြီးနောက် ချစ်စွာသော ဖခင်ကြီးက ချောင်းဆိုးပျောက်ဆေး တစ်ပုလင်း ၀ယ်လာကာ ရော့ ဒါသောက် ဆိုပြီး ဆရာဝန်လေသံဖြင့် ပိုင်နိုင်စွာ ပြောလိုက်သည်။ ဆေးပုလင်းမှာ အစိမ်းရောင် ပြစ်ပြစ်နှစ်နှစ် အရည်များပါဝင်ပြီး ကလေးများ သောက်ချင်စဖွယ်ပင် ဖြစ်သည်။ သားငယ်လေးသည်လည်း အသက်သာ ကြီးသွားပြီး ကလေးစိတ်မကုန်သေးသူဖြစ်ရာ ဆေးပုလင်းအစိမ်းလေးအား လွန်စွာသဘောကျသွားသည်။ စေ့စပ်သေချာသည့် ဂိုက်ဖမ်း၍ Expire Date ကို မျက်မှောင်ကလေးကုပ်ကာ ရှုသည်။ ၂၀၁၀၊ (၁၀) လပိုင်းဆိုတော့ ဒီဆေးပုလင်းလေးသည် ဆိုင်တွင် နှစ်နှစ်ခန့် ဂရုစိုက်မည့်သူ မရှိဘဲ မတ်တပ်ရပ်နေခဲ့ရပြီး ဖြစ်လိမ့်မည်။ သက်တမ်းကုန်ရန် နှစ်လခန့်သာ လိုတော့သည်။ ကိစ္စမရှိ။ တကယ်တော့ Expire Date ကို ကြည့်မယ့်သာ ကြည့်သည် သက်တမ်းကျော်နေလျှင်လည်း နှစ်ချို့ဝိုင်အဖြစ် နှလုံးသွင်းပြီး သောက်လိုက်မည်သာ ဖြစ်သည်။ ၀ယ်ပြီးပစ္စည်း တန်အောင်တော့ သုံးမည်။ ဤသို့ကိစ္စများအား သိပ်အလေးမမူတတ်သည့် မြန်မာပြည်သားတို့၏ သဘောထားက ပျောက်သေးသည်မဟုတ်။ မူလလက်ဟောင်း အရက်အား ရွေးဝယ်တတ်သည့် အကျင့်က ပျောက်သေးသည်မဟုတ်။ ခုတော့လည်း အတိုင်းထက်အလွန်ပေါ့။ နှစ်လ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။