လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၂၀)

`မှောင်´

မှောင်မှန်းမသိ မှောင်လာတယ်လို့
သတိထားမိချိန်မှာပဲ
မှောင်နေတာကို သိသွားပြီ။
အခုတော့
မှောင်မှန်းသိသိကြီးနဲ့ မဲနေတာပဲ။

`ယမမင်းသို့´

မွေးမွေးပြီးချင်းကို
ကမ္ဘာ့အသက်အငယ်ဆုံးလူသားအဖြစ် စံချိန်တင်ခဲ့သူပါ
သေသေပြီးချင်းတော့ ဖြေရှင်းချက်တစ်ခု မတောင်းနဲ့ပေါ့ကွယ်
အတိတ်မှာ မေ့ပျောက်သွားတဲ့ ရွှေတွေပြန်တွေ့ရင်
မနစ်နာစေရပါဘူး။

`ရပ်နေတဲ့ခဏ´

ရေပွက်ပမာဆိုတဲ့ ပန်းချီကားကို
အကြာကြီးထိုင်ကြည့်နေမိတယ်
ရေပွက်လေးကိုပဲ မမှိတ်မသုန်
အချိန်တွေ ကုန်ချင်သလောက်ကုန်စမ်း။

`ကွေ့ကောက်သောလမ်း´

မြားဟာ တည့်တည့်ပဲသွားတယ်
ပစ်မှတ်ဆီကို။
ငါဟာ မြားတစ်စင်းမဟုတ်ဘူး
ပြီးတော့ ငါ့ရဲ့ပစ်မှတ်တွေဟာလည်း
ကျောက်ရုပ်တွေ မဟုတ်ဘူးလေ။

`နဖူးပေါက်ခြင်း´

ပွဲစမခင်က သရေကျနေတာပဲ
စလိုက်မှ သေရတော့မယ်
မထူးတော့ဘူး
အရှုံးအနိုင်ပေါ်ပလေ့စေ။
 
တေဇာ (လရောင်လမ်း)

0 comments:

Post a Comment