ဦးကျော် နာမည်ပြောင်းသည့် သတင်းက ခုတလော ရပ်ကွက်အတွင်း လူပြောအများဆုံး သတင်းဖြစ်နေသည်။ နာမည်ရင်း ဦးထင်ကျော်ဟု တစ်သက်လုံး သိလာခဲ့ပြီးမှ နေ့ချင်းညချင်း ဦးမှန် ဖြစ်သွားရသည်ကို အားလုံး အံ့အားသင့်နေကြသည်။ ဘယ်လိုများ ဖြစ်ရတာပါလိမ့်။ ကျွန်တော် မောင်ထင်ကျော်၏ အမည်မှန်မှာ မောင်မှန်သာ ဖြစ်ပါသည်ဟူ၍ သတင်းစာထဲထည့် ကြေငြာခြင်းမျိုးတော့ မဟုတ်။ ဘုစုခရုလေးများက အစ ကလေးများ၏ ပါးစပ်ဖျားတွင် ဦးမှန်ဦးမှန်ဟု တစ်မှန်တည်းဖြစ်နေခြင်းက လူကြီးများအတွက်ပါ စိတ်ဝင်စားစရာ ကောင်းလာသည်။ ဖြစ်ပုံက ဒီလို။ ဘယ်လိုကဘယ်လို စိတ်ကူးပေါက်သည်မသိ ဆရာကြီးမင်းသိင်္ခ၏ မှော်ဘီမရမ်းတလင်းခြံကြီးတွင် ဦးကျော်တစ်ယောက် သီတင်းတစ်ပတ်ခန့် ဗေဒင်သင်တန်း သွားတက်သည်က စသည်။ နာမည်ရင်းအစား ဦးမှန် ဆိုသည့် အမည်နာမသစ်ကို ဆရာကြီးကိုယ်တိုင် ဝေဒနည်းကျ တွက်ချက်မှည့်ခေါ်ပေးလိုက်သည် ဟူ၏။ ဦးကျော်၏ လူသိသူသိ များပြားလှစွာသော ၀ါသနာများသည် အားလုံးအတွက် မဆန်းလှတော့သည့်တိုင် ပုန်းလျှိုးနေသည့် ဗေဒင်ဝါသနာကိုတော့ ခုမှပင် တအံ့တသြ သိကြရသည်။ ကလေးများနှင့် လွန်စွာ လက်ပွန်းတတီး ရှိလှသည့် ဦးကျော်အဖို့ ကလေးများအား သူ့ကို ဦးမှန်ဟု ပြောင်းလဲခေါ်ဆိုခိုင်းသည့်ကိစ္စမှာ အပန်း...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။