[ သုံး ]
ဇာတ်လမ်းတစ်ခုလုံး ဤနေရာတွင် ပြီးသင့်ပြီ ဖြစ်ပါသည်။ သို့သော် လက်တွေ့တွင် မပြီးဆုံးခဲ့သေးပါ။ တစ်နေ့လုံး မိုးစွေနေသော နေ့တစ်နေ့၏ ညနေခင်းတွင် သူ ရုံးမှအပြန် အိမ်သို့ တန်းမ၀င်သေးဘဲ အရက်ဆိုင်ဆီသို့ ဦးစွာ ခြေဦးလှည့်ခဲ့မိသည်။ သူ့တွင် နောက်တစ်နေ့ အိမ်မှအထွက် ရုံးသို့တန်းမသွားသေးဘဲ Myanmar Tele Port သို့ အရင်ဝင်ကာ ပေးသွင်းရမည့် အင်တာနက် လစဉ်ကြေး FEC ၁၇၀ ပါလာခဲ့သည်။ တိုတိုပြောရလျှင် ထိုညက ထိုငွေ ပျောက်ဆုံးသွားခဲ့ပါသည်။ ညတွင်းချင်း ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း မူးမူးဖြင့် သူပြောခဲ့သော စကားများကြောင့် ပြည်သူ့ရဲအား မလေးမစားပြောဆိုမှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ကိုယ်တိုင်ပင် ပြန်တရားအစွဲမခံရရုံတမည် ရှိခဲ့ရသည်။ နောက်တစ်နေ့တွင် သူ ရုံးမသွားရဲခဲ့။ အရက်ကိုသာ မိုးလင်းမှ စသောက်နေခဲ့ပြီး ခပ်ကြီးကြီး ပြဿနာတစ်ခုအတွက် စိတ်ပျက်မူးဝေနေခဲ့သည်။ ညနေစောင်းတွင် မူးရစ်ရီဝေနေသည့် ဦးနှောက်မှ ကောင်မလေး၏ချစ်သူဆိုသူအား ရုတ်တရက် သတိရမိသည်။ စက်ဘီးပေါ် တက်ခွကာ ကောင်မလေးရုံးသို့ သူရောက်သွားခဲ့သည်။ ကောင်မလေးကို အကျိုးအကြောင်းပြောပြ၏။ ကောင်မလေးက ထိုသူရှိရာ မြို့နယ်ရုံးဆီသို့ လမ်းညွှန်လိုက်သည်။ ထိုရုံးအတွင်းသို့ သူ ၀င်သွားမိသည်။ ရုံးခန်းထဲတွင် ထိုသူနှင့်အတူ သူ၏ အထက်အရာရှိ ဖြစ်ဟန်တူသော လူကြီးတစ်ယောက်နှစ်ယောက်ခန့် တွေ့ရ၏။
ဇာတ်လမ်းတစ်ခုလုံး ဤနေရာတွင် ပြီးသင့်ပြီ ဖြစ်ပါသည်။ သို့သော် လက်တွေ့တွင် မပြီးဆုံးခဲ့သေးပါ။ တစ်နေ့လုံး မိုးစွေနေသော နေ့တစ်နေ့၏ ညနေခင်းတွင် သူ ရုံးမှအပြန် အိမ်သို့ တန်းမ၀င်သေးဘဲ အရက်ဆိုင်ဆီသို့ ဦးစွာ ခြေဦးလှည့်ခဲ့မိသည်။ သူ့တွင် နောက်တစ်နေ့ အိမ်မှအထွက် ရုံးသို့တန်းမသွားသေးဘဲ Myanmar Tele Port သို့ အရင်ဝင်ကာ ပေးသွင်းရမည့် အင်တာနက် လစဉ်ကြေး FEC ၁၇၀ ပါလာခဲ့သည်။ တိုတိုပြောရလျှင် ထိုညက ထိုငွေ ပျောက်ဆုံးသွားခဲ့ပါသည်။ ညတွင်းချင်း ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း မူးမူးဖြင့် သူပြောခဲ့သော စကားများကြောင့် ပြည်သူ့ရဲအား မလေးမစားပြောဆိုမှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ကိုယ်တိုင်ပင် ပြန်တရားအစွဲမခံရရုံတမည် ရှိခဲ့ရသည်။ နောက်တစ်နေ့တွင် သူ ရုံးမသွားရဲခဲ့။ အရက်ကိုသာ မိုးလင်းမှ စသောက်နေခဲ့ပြီး ခပ်ကြီးကြီး ပြဿနာတစ်ခုအတွက် စိတ်ပျက်မူးဝေနေခဲ့သည်။ ညနေစောင်းတွင် မူးရစ်ရီဝေနေသည့် ဦးနှောက်မှ ကောင်မလေး၏ချစ်သူဆိုသူအား ရုတ်တရက် သတိရမိသည်။ စက်ဘီးပေါ် တက်ခွကာ ကောင်မလေးရုံးသို့ သူရောက်သွားခဲ့သည်။ ကောင်မလေးကို အကျိုးအကြောင်းပြောပြ၏။ ကောင်မလေးက ထိုသူရှိရာ မြို့နယ်ရုံးဆီသို့ လမ်းညွှန်လိုက်သည်။ ထိုရုံးအတွင်းသို့ သူ ၀င်သွားမိသည်။ ရုံးခန်းထဲတွင် ထိုသူနှင့်အတူ သူ၏ အထက်အရာရှိ ဖြစ်ဟန်တူသော လူကြီးတစ်ယောက်နှစ်ယောက်ခန့် တွေ့ရ၏။
သူ့ကိုမြင်လိုက်စဉ်တွင် ထိုသူ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်ဟန် အထင်သားပေါ်သွားသည်။ ညီလေး အပြင်ကစောင့်နေ ကိုယ်လာခဲ့မယ်ဟု သူ့ကို ခပ်သွက်သွက် လှမ်းပြော၏။ အထူးရဲတစ်ဦးဆီသို့ အလည်ရောက်လာသော အမူးသမားဧည့်သည်၊ ထို့ပြင် ထိုသူနှစ်ဦးကြားရှိ ရှုပ်ထွေးခဲ့ဖူးသည့် နှလုံးသားကိစ္စများ စသည့်အချက်များကြောင့် ထိုသူ ထိတ်လန့်သွားခြင်းဖြစ်ကြောင်း မူးမူးနှင့် သူတွေးမိခဲ့သေးသည်။ အပြင်က အုတ်ခုံလေးပေါ်တွင် ထိုသူနှင့် ဘေးချင်းယှဉ် ထိုင်မိကြသည်။ သူက ဖြစ်စဉ်ကို အကျဉ်းချုံးပြောပြလိုက်သည်။ ထိုသူသည် သူစိုးရိမ်နေသည့် အရာမဟုတ်သည့်အတွက် ယခုမှ စိတ်အေးသွားပုံပေါ်သည်။ သွက်လက်စွာပင် လူတချို့အား ညက တာဝန်ကျ ဒုရဲအုပ်က ဘယ်သူလဲဟေ့ဟု ဟိတ်ဟန်ပါပါ မေးလိုက်သည်။ ထို့နောက်တွင် အဆိုပါကိစ္စအား သူတတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်းနှင့် အရေးကြီးသည်မှာ ရုံးက တရားမစွဲစေရန် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ထောက်ခံစာ သွားယူရန် အကြံပေးသည်။ ထိုအကြံကို သူ့အနေဖြင့် လက်မခံနိုင်ပါ။ ဤပုံစံဖြင့် ရဲစခန်းသို့ ပြန်သွားလျှင် သူကိုယ်တိုင် အချုပ်ထဲသို့ မြန်းရတော့မည်မှာ သေချာသလောက်ရှိ၏။ ထို့ပြင် ရုံးအနေဖြင့်လည်း ဤငွေကြေးမျှလောက်အတွက် သူ့ကို လုံးဝတရားစွဲလိမ့်မည် မဟုတ်။ စသည်များကို ရှင်းပြပြီးနောက် သူတို့၏ စကားဦးတည်ရာလမ်းကြောင်း ပြောင်းသွားခဲ့သည်။ တကယ်တော့ သူ ဤနေရာသို့ ရောက်ရှိလာရခြင်းမှာ ထိုကိစ္စအတွက် အကူအညီတောင်းဖို့ ဆိုသည်ထက် ထိုသူနှင့် စကားစမြည် ပြောဆိုခွင့်တစ်ခုပမာ အသုံးချခဲ့ခြင်းမျိုးဟု သူထင်မိသည်။ သူ့နည်းတူ ထိုသူကလည်း သူနှင့် စိတ်လိုလက်ရ စကားပြောချင်နေသည်ဟု ထိုသူ၏ အမူအရာများအရ သူယုံကြည်သည်။ အရေးကိစ္စကြုံ၍ လာခဲ့ရသည့်သဖွယ် ခုတုံးလုပ်ကာ ထိုသူနှင့် စကားပြောခွင့်တစ်ခု သူ့ မသိစိတ်တွင်းက ကြံဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နောင်တချိန်တွင် သူ ပြန်လည်သုံးသပ်မိခဲ့ပါသည်။
မင်းသူ့ကို တကယ်ချစ်တာလား၊ မဟုတ်ပါဘူး အပျော်ပါ…၊ မင်းတို့ လူငယ်တွေအကြောင်း ငါသိပါတယ်ဟု ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ စကားတစ်ခွန်းကို ပြောလာသည်။ အမူးသမားတစ်ယောက်ကို အချဉ်ဖမ်းကာ ဆိုက်ကိုနည်းဖြင့် မရိုးမသား နှိုက်ယူနေသည်ဟု သူ ခံစားနေရသည်။ ချစ်တယ်ဆိုတာ အတည်ချစ်တယ်၊ အပျော်ချစ်တယ် နှစ်မျိုးကွဲနေတယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော် သူ့ကို ချစ်တယ်၊ ဒါမှမဟုတ် ချစ်တယ်လို့ ထင်လို့ ကျွန်တော်လိုက်ခဲ့တယ်။ အခု ချစ်တယ်လို့ မထင်တော့လို့ ကျွန်တော် မလိုက်တော့ဘူး။ ဒါဟာ ကျွန်တော့်ခံစားချက်အတွက် ယောက်ျားတစ်ယောက်အနေနဲ့ ကျွန်တော် လုပ်စရာရှိတဲ့ တာဝန်တစ်ရပ်ကို လုပ်ခဲ့တာပဲ။ ချစ်ရဲ့သားနဲ့ အန္တရာယ်တစ်ခုခု ရှိလာမှာ ကြောက်လို့ မျိုသိပ်လိုက်ရတာလို ကိုယ့်ခံစားချက်အပေါ် တာဝန်မကျေဖြစ်ရမှာကို ကျွန်တော် လက်မခံနိုင်ဘူး။ ကျွန်တော့်အတွက် ပန်းတိုင်ဟာ အရေးမကြီးဘူး။ ကျွန်တော့်အပေါ်ကျွန်တော် တာဝန်ကျေဖို့ခဲ့ပဲ လိုတယ်လို့ ထင်တယ်ဟု သူက ရှည်လျားစွာ ရှင်းပြလိုက်မိသည်။ မင်းက ရူးနေတာကိုးဟု ထိုသူ့ထံမှ မှတ်ချက်လိုလို အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဆက်ပြောပြန်သည်။
မင်းအကြောင်းကို ငါ အစအဆုံး စုံစမ်းခဲ့ပြီးသား။ မင်းက မိသားစုကို လုပ်ကျွေးနေတဲ့လူလို့ သိရတယ်။ ဒါကြောင့်ပဲ မင်းကို ငါ ဘာမှ မလုပ်ခဲ့တာ။ ဤနေရာတွင် ကျွန်တော့်ကို ခင်ဗျားက တစ်ခုခု လုပ်ရအောင် ကျွန်တော်က ဘာဥပဒေကို ချိုးဖောက်လို့၊ ဘာအတွက် ခင်ဗျားက ဘာလုပ်မှာလဲဟု မေးပစ်ချင်စိတ်ကို သူ အနိုင်နိုင် ချုပ်တီးထားခဲ့ရသည်။ သူ့အနေဖြင့် ယခုချိန်တွင် ပြဿနာအများကြီး တက်နေရသည့်အထဲ အခြားပြဿနာ ထပ်မတိုးချင်တော့။ ဘာပြစ်မှုမျှ ကျူးလွန်ခဲ့ခြင်း မရှိသည့်လူတစ်ယောက်အနေဖြင့် အဘယ်ကြောင့် ကျားသနား၍ ချမ်းသာရာရနေသည့် နွားပမာ ဖြစ်နေရပါသလဲ။ အမှုဆင် ဖမ်းဆီးနှိပ်စက်ခြင်း မပြုသည့်အတွက် ထိုသူ့ကို ကျေးဇူးတင်နေစရာ လိုပါသလား။ အဘယ်ကြောင့် ထိုသူက နားလည်မှုကြီးမားပြီး ချင့်ချိန်ခွင့်လွှတ်နိုင်သော သဘောထားပိုင်ရှင် နေရာရောက်နေရချိန်တွင် သူက ဆိုးသွမ်းလူငယ်အဖြစ်သို့ အလိုလို ကျရောက်နေရပါသလဲ။ ထိုမေးခွန်းများသည် သူ့ဆီသို့ နက်ရှိုင်းသော နားလည်မှု တစ်စုံတစ်ရာကို ယူဆောင်လာခဲ့သည်။ ထိုသူ့အနေဖြင့်လည်း ၎င်း၏ သဘောထားကြီးမှုအား သူ့ဆီမှ အသိအမှတ်ပြုမှု တစ်ခုခု ရချင်နေကြောင်း သူ ကောင်းစွာရိပ်မိသည်။ ၀တ်ကျေတန်းကျေ သဘောမျိုး ကျေးဇူးတင်ပါတယ် အစ်ကိုဟု သူက ပြန်ပြောခဲ့သော်လည်း လျှာဖျားမှလာသည့် အသံသာဖြစ်ပြီး သရော်လိုက်ဟန်သို့သာ ပိုမိုနီးစပ်သွားသည်။ ထိုသူကလည်း သဘောပေါက်ပုံရသည်။ မင်းတို့ သူငယ်ချင်းတွေ အဖွဲ့ကို ငါသိတယ်။ တစ်ကောင်မှ ကောင်းကောင်းကန်းကန်း မပါဘူး။ မင်းတို့ အတူတူ သောက်ကြတာ။ မင်းသူငယ်ချင်းတွေထဲကပဲ ဒီပိုက်ဆံကို ခိုးတာဖြစ်မှာပဲ။ တစိမ်းတစ်ယောက်ကတော့ လာယူဖို့ခက်မယ်။ ငါသိပါတယ်။ မင်းတို့ ဆေးတွေဘာတွေလည်း ချကြမှာပေါ့ဟု ထိုသူက အရေးမကြီးသည့်လေသံဖြင့် လျင်မြန်စွာ ဆက်တိုက်ပြောချလိုက်သည်။ ဟာ ချတာပေါ့ဗျာဟု သူက ယောင်ပြီးဖြေမိသည့်ပုံစံဖြင့် ထိုသူ့မေးခွန်းနှင့် တစ်ဆက်ထဲလိုလို ရုတ်တရက် ပြန်ဖြေလိုက်သည်။ ထို့နောက်မှ ကျယ်လောင်စွာ ရယ်မောကာ ခင်ဗျားတို့ ရဲသင်တန်းမှာ သင်ရတဲ့ စစ်ကြောရေးနည်းလမ်းက ဒါအကုန်ပဲလားဟု လှောင်သံဖြင့် ပြန်မေးလိုက်သည်။ ထိုသူ မျက်နှာ ပျက်သွားသည်။ ကျွန်တော် တရားဝင်ခွင့်ပြုထားတဲ့ အရက်ကိုပဲ သောက်တယ်။ တည်ဆဲဥပဒေနဲ့ငြိတာ ဘာတစ်ခုမှ မလုပ်ဘူး။ ခင်ဗျားက ကျွန်တော် မူးနေတာကို အခွင့်ကောင်းယူပြီး အငိုက်ဖမ်းတယ်။ ကျွန်တော့်ကို အကူအညီပေးနေရင်း တန်းလန်း ကျွန်တော့်ကို အချုပ်ထဲထည့်နိုင်မယ့် နိုင်ကွက်ကိုလည်း ရှာနေတယ်ဟု သူက အပြုံးဖြင့် ထိုသူ့ကို ဆက်ပြောလိုက်သည်။ သူ၏ အပြုံးမှာ နာကျည်းလှသည့် အပြုံးတစ်မျိုးသာဖြစ်ကြောင်း သူကိုယ်တိုင်သာ သိခဲ့သည်။
အကယ်၍ သူသည် ယနေ့အချိန်တွင် အဆိုပါရပ်ဝန်းတွင် မရှိတော့ဟု ဆိုပါလျှင် အဆိုပါရပ်ဝန်းမှ သူ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းမှာ သက်ဆိုင်ရာ ကာလဒေသတို့နှင့် အခြေအနေ၊ အကြောင်းတရားများနှင့် ပတ်သက်သော သူ၏ နက်ရှိုင်းသည့် နားလည်မှုတစ်ခုတွင်သာ အခြေခံခြင်းဖြစ်မည်ဟု ဆိုနိုင်ပါလိမ့်မည်။ တစ်ချိန်က သူသည် အပြုံးလှလှနှင့်တစ်ခုနှင့် ဆက်စပ်၍ စိတ်ဝင်စားဖွယ် အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရဖူးသည်။ ထိုအတွေ့အကြုံများမှ သူ သိသိကြီးနှင့် မေ့လျော့နေခဲ့မိသည့် စက်ဆုပ်ဖွယ်ရာတစ်ခုကို ဘွားခနဲ ရှာဖွေတွေ့ရှိခဲ့ရသည်။ သူ့အား ယနေ့အချိန်တွင် အဆိုပါရပ်ဝန်းတွင် ရှာမတွေ့နိုင်တော့ခြင်းသည်သာ သူ့အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
◄ တေဇာ ►
ဒီပို့လေးကို တော်တော်ကြိုက်တယ်လို့ ရိုးသားစွာဝန်ခံပါတယ်။
ReplyDeleteအသူ ဥာဏ်မမှီလို့ဒီပို့စ်ကိုနားမလည်ဘူး တစ်ခါတစ်ရံဒီလိုပဲ အသူကနည်းနည်းဒုံးဝေးတယ်လေ ဒါပေမဲ့ လရောင်ရဲ့ပို့စ်တော်တော်များများကိုတော့ကြိုက်တယ် ဆက်လက်အားပေးနေပါအုံးမယ် ကြိုးစားပါ :)))))
ReplyDelete