[ နှစ် ]
ကောင်မလေးတွင် ချစ်သူရှိသည်။ စင်စစ် သူ့မိဘများပင် သဘောတူပြီးသား စေ့စပ်ထားသူ ရှိသည်ဟု သိရသောညက သူ စိတ်ညစ်ညစ်နှင့် အရက်ဆိုင်သို့ ရောက်သွားခဲ့ခြင်းမဟုတ်ဘဲ စိတ်လက်ပေါ့ပါးစွာ အရက်ဆိုင်သို့ ရောက်သွားပြီးမှသာ သူ၏ အားကိုးရသော သောက်ဖော်သောက်ဖက် သူငယ်ချင်းများထံမှ ထိုအချက်များအား သူ သိရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ထိုသူမှာ သူတို့မြို့နယ်၏ သုံးဦးတည်းသော အထူးရဲများထဲမှ တစ်ဦးဖြစ်ကြောင်းကိုပါ ဘုံဆိုင်မှ သတင်းအတိကျ ရရှိခဲ့သည်။ ထိုသတင်းသည် သူ့အား တစ်ခွက်တစ်ဖလား ပိုသောက်မိစေရန် အားပေးသင့်သော်လည်း ထူးဆန်းစွာပင် ထိုညက သူ ပိုမသောက်မိခဲ့။ ပုံမှန်မဟုတ်သည့် ယုံကြည်တက်ကြွခြင်း တစ်မျိုးကိုသာ အခြေအနေနှင့် မလျော်ညီစွာ သူခံစားနေခဲ့ရသည်။ အပေါင်းအသင်းတစ်ချို့က လက်လျှော့လိုက်ရန်တားပြီး တချို့က ယမကာတန်ခိုးဖြင့် မိုးကောင်းကင်ဒူးနဲ့တိုက်ရန် အကြံများကို အာလေးလျှာလေးပြောကာ မြှောက်ထိုးပင့်ကော် လုပ်ကြ၏။ အပေါစားမှတ်ချက်များ၏ သက်ရောက်မှု တစ်စုံတစ်ရာမပါသော သူ၏ သီးသန့်ဆုံးဖြတ်ချက်မှာ နောက်တစ်နေ့ပါ ရုံးပျက်ရဦးမည် ဟူ၍သာ ဖြစ်သည်။ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ကောင်မလေး၏ ပြုံးနေသော မျက်လုံးများကို သူယုံသည်ဟု သူ့ကိုယ်သူ ယုံကြည်စေရန် အားထုတ်နေမိသည်။
ကောင်မလေးတွင် ချစ်သူရှိသည်။ စင်စစ် သူ့မိဘများပင် သဘောတူပြီးသား စေ့စပ်ထားသူ ရှိသည်ဟု သိရသောညက သူ စိတ်ညစ်ညစ်နှင့် အရက်ဆိုင်သို့ ရောက်သွားခဲ့ခြင်းမဟုတ်ဘဲ စိတ်လက်ပေါ့ပါးစွာ အရက်ဆိုင်သို့ ရောက်သွားပြီးမှသာ သူ၏ အားကိုးရသော သောက်ဖော်သောက်ဖက် သူငယ်ချင်းများထံမှ ထိုအချက်များအား သူ သိရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ထိုသူမှာ သူတို့မြို့နယ်၏ သုံးဦးတည်းသော အထူးရဲများထဲမှ တစ်ဦးဖြစ်ကြောင်းကိုပါ ဘုံဆိုင်မှ သတင်းအတိကျ ရရှိခဲ့သည်။ ထိုသတင်းသည် သူ့အား တစ်ခွက်တစ်ဖလား ပိုသောက်မိစေရန် အားပေးသင့်သော်လည်း ထူးဆန်းစွာပင် ထိုညက သူ ပိုမသောက်မိခဲ့။ ပုံမှန်မဟုတ်သည့် ယုံကြည်တက်ကြွခြင်း တစ်မျိုးကိုသာ အခြေအနေနှင့် မလျော်ညီစွာ သူခံစားနေခဲ့ရသည်။ အပေါင်းအသင်းတစ်ချို့က လက်လျှော့လိုက်ရန်တားပြီး တချို့က ယမကာတန်ခိုးဖြင့် မိုးကောင်းကင်ဒူးနဲ့တိုက်ရန် အကြံများကို အာလေးလျှာလေးပြောကာ မြှောက်ထိုးပင့်ကော် လုပ်ကြ၏။ အပေါစားမှတ်ချက်များ၏ သက်ရောက်မှု တစ်စုံတစ်ရာမပါသော သူ၏ သီးသန့်ဆုံးဖြတ်ချက်မှာ နောက်တစ်နေ့ပါ ရုံးပျက်ရဦးမည် ဟူ၍သာ ဖြစ်သည်။ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ကောင်မလေး၏ ပြုံးနေသော မျက်လုံးများကို သူယုံသည်ဟု သူ့ကိုယ်သူ ယုံကြည်စေရန် အားထုတ်နေမိသည်။
တိုတောင်းသော ကာလတစ်ခုအတွင်း ကောင်မလေးနှင့်သူ သိကျွမ်းသည့်အဆင့်သို့ ရောက်လာခဲ့သည်။ ထိုမှ နောက်ပိုင်းရက်များတွင် သူ၏ ပုံမှန်ရုံးတက်ချိန်မှာ သိသာစွာ နောက်ရွေ့သွားခဲ့သည်။ ကားဂိတ်တွင် မိနစ်ပိုင်းမျှ ဆုံခွင့်ရရန် သူ အစီအစဉ်တကျ နောက်ကျခဲ့သည်။ သူ့နာမည်ပါသည့် လိပ်စာကတ်လေးတစ်ခုကို သူက ကောင်မလေးကို ပေးထားခဲ့သည်။ ကောင်မလေး၏ သူငယ်ချင်းမကလည်း သူ့အပေါ် အထူးလိုက်လျှောစွာ ဆက်ဆံသဖြင့် သူ ကျေနပ်မိသည်။ ထိုရက်များအထိ သူ၏ စိတ်ထဲတွင် ကောင်မလေး၏ ချစ်သူ (ခေါ်) စေ့စပ်ထားသူနှင့် ပတ်သက်၍ စနိုးစနောင့်ဖြစ်ခြင်း၊ ထည့်သွင်းစဉ်းစားခြင်းများ လုံးဝ မရှိသေးခဲ့ခြင်းမှာ သူ စနစ်တကျ ပြုလုပ်နေခဲ့သည့် အရာရာသည် အမှန်တကယ်တွင် တာဝန်တစ်ရပ်အား ထမ်းဆောင်နေခဲ့မိသည့် ကိစ္စမျိုးသာဖြစ်သည်ဟု ယူဆစရာရှိကြောင်း နောင်တစ်ချိန်မှ ပြန်ကြည့်ခဲ့ပါလျှင် သူ တွေးမိကောင်း တွေးမိနိုင်ပေသည်။ မိမိအတွက် ရေးထားသည့် ဇာတ်ညွှန်းတစ်ပုဒ်ကို လိုက်ပါသရုပ်ဆောင် နေရသလို သူ အဆုံးစွန် ရဲရင့်နေခဲ့သည်။ ရဲရင့်ခြင်းထက်ပင် ပိုလွန်စွာ ရှိနိုင်ကောင်းသည့်၊ သို့မဟုတ် သူ၏ စနစ်တကျ အစီအစဉ်များအရ အနည်းဆုံးအားဖြင့် ထည့်တွက်ထားသင့်သည့်၊ အနှောင့်အယှက် သို့မဟုတ် အန္တရာယ်တစ်စုံတစ်ရာ၏ တည်ရှိမှုသည် သူ၏ သိမှုနယ်ပယ်အတွင်း လုံးဝ ရှိမနေခဲ့ခြင်း ဖြစ်ပေသည်။
§ § § § §
ထိုနေ့က သူ ရုံးမှ အနည်းငယ်စောဆင်းခွင့်ရခဲ့ပြီး အိမ်သို့ တန်းမပြန်သေးဘဲ ကောင်မလေးရုံးဆင်းမည့် ကားမှတ်တိုင်ဘေးမှ လက်ဖက်ရည်ဆိုင်တွင် ထိုင်စောင့် နေခဲ့သည်။ ထူးခြားစွာပင် ထိုနေ့က သူ့သူငယ်ချင်းမ မပါဘဲ ကောင်မလေး တစ်ယောက်ထဲ ထွက်လာသည်ကို တွေ့ရသည်။ သူ အတော်လေး ပျော်သွားသည်။ ဒီလိုနေ့မျိုးကို မျှော်လင့်ပြီး သူ ဒီနေရာကို ရောက်နေခဲ့ခြင်းပဲ မဟုတ်လား။ တစ်ယောက်ထဲ ဖြစ်နေလို့လားမသိ ကောင်မလေး၏ အမူအရာက ရှက်သလိုလို၊ တစ်ခုခုကို ရွံ့နေသလို ဖြစ်နေသည်ဟု သူ သတိထားမိသည်။ ကားတစ်စီး ထိုးဆိုက်လာချိန်တွင် ကားပေါ်သို့ ကမန်းကတန်း ပြေးတက်သွားသည်။ သူလည်း နောက်က လိုက်တက်သည်။ နှစ်မှတ်တိုင်ခန့် အရောက်တွင်ပင် ကောင်မလေးက သူ့အား မပြောမဆိုနှင့် ကားပေါ်မှ ရုတ်ခနဲ ဆင်းသွားသည်။ သူလည်း အချိန်မီ လိုက်ဆင်းလိုက်ရသည်။ စိတ်ထဲတွင် ဘာမှန်းမသိသည့် တစ်စုံတစ်ခုကို သူ ခံစားနေရသည်။ နောက်သို့ လိုက်သွားပြီး တစ်ယောက်ယောက်နဲ့ ချိန်းထားတာများ ရှိသလားဟု သူက မေးလိုက်သည်။ ဟုတ်၊ ဘဲဘဲစောင့်နေလို့ဟု ပြန်ဖြေသံကြားလိုက်ရသည်။ မလှမ်းမကမ်းတွင် ဆိုက်ကယ်ပေါ်ခွထိုင်နေသော လူတစ်ဦး သူတို့ကို သမင်လည်ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကောင်မလေးက ထိုသူ့နားသို့ တိုးကပ်သွားသည်။ လှည့်ပြန်ရန် အချိန်ရှိသော်လည်း သူ့ခြေလှမ်းများက သူကိုယ်တိုင်ဘာမှန်းမသိသည့် ရည်ရွယ်ရင်း တစ်စုံတစ်ရာကြောင့် ထိုသူ့ဆီသို့ လျှောက်သွားပြီး ထိုစုံတွဲနှစ်ယောက်၏ ရှေ့တည့်တည့်တွင် ရပ်နေသည်ကို မိမိကိုယ်ကိုယ် သိလိုက်ရသည်။
ညီလေး မင်းက သူနဲ့ ဘယ်လိုပတ်သက်လဲဟု တည်ငြိမ်သည့်၊ သို့မဟုတ် ဒေါသသံမပါအောင် စနစ်တကျ ထိန်းသိမ်းထားသည့် အသံဖြင့် မေးခွန်းတစ်ခု သူ့နားထဲသို့ ၀င်ရောက်လာသည်။ ထိုသူသည် သူ့ထက် အတော်အတန် ကြီးလိမ့်မည်။ အရပ်ဝတ်နှင့်ဖြစ်ပါလျှက် သူ၏ ပုံစံက ရဲဟု နဖူးတွင် တံဆိပ်ရိုက်ထားသည့်ပမာ ထင်ရှားနေသည်။ သူ့ သူငယ်ချင်းရဲ့ သူငယ်ချင်းပါဟု၊ သူက ထိုသူအား ခပ်ရဲရဲကြည့်ပြီး အထစ်အငေါ့မရှိ ပြန်ဖြေလိုက်သည်။ ဟုတ်လားဟု ကောင်မလေးဘက်သို့ ခေါင်းငဲ့ပြီး ထိုသူက မေးလိုက်သည်။ ကောင်မလေးက ခေါင်းငြိမ့်ပြသည်။ စင်စစ် အနည်းငယ် ရယ်စရာကောင်းနေသည့် ကိစ္စသာဖြစ်ကြောင်း သူ သတိထားမိခဲ့သေးသည်။ လူနှစ်ဦးကြားတွင် သူငယ်ချင်းရဲ့ သူငယ်ချင်းဟူသော ဆက်သွယ်ချက်တစ်ရပ် ရှိကြောင်း ပြောသူကပြော၊ လက်ခံသူက လက်ခံခဲ့ခြင်းမှာ ယခုလို သတ္တိမနည်းကြောင်း ပြလိုသူနှင့် သဘောထားကြီးကြောင်း ပြလိုသူ နှစ်ဦး ထိပ်တိုက် ဆုံတွေ့ချိန်ကျမှသာ ဖြစ်နိုင်မည်ဟု သူ ခပ်လှောင်လှောင် တွေးဖြစ်ခဲ့သေးသည်။ အမှန်တကယ်လည်း ကောင်မလေးနှင့်သူသည် ထိုအချိန်အထိ သူငယ်ချင်း၏ သူငယ်ချင်းများသာ ဖြစ်ပါသည်။ ထို့နောက် ကောင်မလေးက သူ နှစ်သက်ခဲ့မိသည့် အရင်ကအပြုံးများအတိုင်းပင် လှပစွာ ပြုံးလိုက်ပြီး သွားတော့မယ်ဟု သူ့ကို ခပ်တိုးတိုးနှုတ်ဆက်လိုက်ကာ ဆိုင်ကယ်နောက်သို့ တက်ထိုင်လိုက်သည်။ သူ့နှာခေါင်းမှ ညှော်နံ့အချို့ ရှူရှိုက်မိပြီးနောက် မျက်လုံးမှမြင်နေရသည့် ဆိုင်ကယ်မီးခိုးငွေ့အချို့သာ သူ့အနီးနား ပျံ့လွင့်ကျန်ရစ်ခဲ့ကြောင်း သူ သတိထားလိုက်မိသည်။
§ § § § §
နောက်နေ့များတွင် ကားမှတ်တိုင်တွင် တွေ့ရတိုင်း ကောင်မလေး၏ အမူအရာသည် စိုးရိမ်ထိတ်လန့်နေဟန်ကို အပြည့်ဆောင်နေသည်။ ကောင်မလေး၏ သူငယ်ချင်းမကတော့ အရင်လို ဟက်ဟက်ပက်ပက်ပင် ပြောဆိုဆက်ဆံသည်။ တစ်နေ့တော့ ကောင်မလေးက သမီးကြောက်လို့၊ သမီးကို ဆူလိမ့်မယ်ဟု သူ့ကို ခပ်တိုးတိုးပြောခဲ့သည်။ ဟိုတစ်ယောက်က သူ့ကို ဆူမှာ စိုးလို့တဲ့ဟု ကောင်မလေး၏ သူငယ်ချင်းမက ၀င်ပြောသည်။ ထိုသူသည် ရဲကျင့်ရဲကြံဖြင့် သူတို့ကို တစ်နေရာရာမှ ခိုးချောင်ခိုးဝှက် စောင့်ကြည့်နေသည်ဟု သူ ခံစားရသည်။ ကိုယ်တိုင်မဟုတ်သော်မှ တပည့်တပန်းများဖြင့် စောင့်ကြည့်ခိုင်းထားနိုင်သည်။ အခြေအနေကို သူကောင်းစွာ သုံးသပ်နိုင်ခဲ့ပြီ။ ဆုံးဖြတ်ချက်တစ်ခု မကြာခင် ချဖြစ်တော့မည်ဖြစ်ကြောင်း သူ့ကိုယ်သူ သိနေသည်။ ထိုနေ့မှစ၍ ကောင်မလေးအား စာနာသောအားဖြင့်၊ သို့မဟုတ်လျှင် သူကိုယ်တိုင်၏ ထက်သန်မှု ကင်းမဲ့သွားခြင်းတို့ကြောင့် ရည်ရွယ်ချက်ရှိရှိ တိုက်ဆိုင်အောင် သူ အားမထုတ်ဖြစ်ခဲ့တော့ပေ။
တစ်နေ့တွင် အမှန်တကယ် တိုက်ဆိုင်စွာပင် ကောင်မလေးနှင့် သူ၏ ချစ်သူဆိုသူတို့ကို ကားဂိတ်တွင် မမျှော်လင့်ဘဲ သူ ဆုံတွေ့ခဲ့ရသည်။ ထိုသူ့ရှေ့တွင်ပင် ကောင်မလေးနှင့် အပြုံးချင်းဖလှယ်ကာ နှုတ်ဆက်လိုက်မိကြသည်။ စကားတစ်ခွန်းမျှတော့ မပြောဖြစ်ကြ။ ထို့နောက် သူက အကြည့်ကို လွှဲဖယ်ကာ စီးရမည့်ကားကိုသာ ဆက်စောင့်နေမိသည်။ ခဏအကြာတွင် ညီလေး မင်း စံပယ်လမ်း၊ အိမ်နံပါတ် (၇၇) မှာ နေတာမဟုတ်လားဟု ထိုသူ့ထံမှ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သူက လှမ်းကြည့်လိုက်ပြီး သိလှချည်လားဟု အံ့အားသင့်သွားဟန် တမင်လုပ်ယူ၍ ပြန်မေးလိုက်သည်။ သိတာပေါ့ကွာ၊ ဒီနယ်မြေမှာ ငါမသိတာ တစ်ခုမှမရှိဘူးဟု ခြိမ်းခြောက်သည်ဟု ယူဆချင် ယူဆနိုင်သော စကားတစ်ခွန်းကို ထိုသူက ဆက်ပြောသည်။ ထို့နောက်တွင် အရင်က အမှုတွဲတွေတော့ မဖော်နဲ့နော်ဟု သူက သရော်ပြုံးတစ်ခုနှင့် လှောင်သံပါပါ တုန့်ပြန်လိုက်သည်။ သရော်ချင်ရုံသက်သက်ဖြင့် ဤသို့ ပြောလိုက်ခြင်းဖြစ်သော်လည်း စက်တင်ဘာ အုံကြွမှုကာလအတွင်းက အရက်မူးမူးဖြင့် ဤလမ်းဆုံတွင် တစ်ကိုယ်တော် ဒို့အရေးအော်ခဲ့မိခြင်းကိစ္စကို ပြန်တွေးမိပြီး သူ စိတ်တွင်းက ကြိတ်ပြုံးမိသေးသည်။ ထိုသူ့ထံမှ ဆက်ပြောသံ ထွက်မလာတော့။
§ § § § §
တစ်နေ့၊ လက်ဖက်ရည်ဆိုင်တွင် သူ့ထက်အတန်ငယ် အသက်ကြီးသည့် သူငယ်ချင်းတစ်ဦးမှ သူ့အား အရေးကြီးသည်ဟုဆိုကာ ခပ်တိုးတိုး လာပြောပြခဲ့သည်။ ထိုသူ့အကြောင်းပင် ဖြစ်ပါသည်။ သူနှင့် ထိုသူသည် ငယ်သူငယ်ချင်းဖြစ်ပြီး ယခု ထိုသူမှာ အထူးရဲ (SB) ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် သူ့ရည်းစားကို မင်းကလိုက်နေတယ်လို့ သူက ငါ့ကိုပြောတယ်ဟု သူငယ်ချင်းက သူ့ကို ပြောသည်။ ကောင်မလေးနှင့် ထိုသူသည် တရားဝင်လက်ထပ်ထားခြင်း မရှိသေးခြင်းသာဖြစ်ပြီး အတူနေပြီးဖြစ်ကြောင်းနှင့် ထိုအကြောင်းကို ကောင်မလေး၏မိဘများကလည်း သိရှိကြောင်း အစုံအလင်ပြောပြသည်။ ထိုအချက်များ အားလုံးမှာ ထိုသူက သူ့သူငယ်ချင်းအား သူ့ကို အသိပေးရန် ပြောပြလိုက်သော အချက်များသာဖြစ်ကြောင်း သူ တွေးယူကြည့်၍ ရသည်။ မှန်မမှန်ကိစ္စကိုမူ သူ့အနေဖြင့် အထွေအထူး တွေးရန် အကြောင်းမရှိတော့။ သွားမလုပ်ပါနဲ့ကွာ၊ မင်းလည်း အန္တရာယ်မကင်းဘူးဟု သူ့ သူငယ်ချင်းက စေတနာကောင်းဖြင့် သူ့ကို သတိပေးသည်။ သူ့အတွက်ခက်နေသည်မှာ သူ အန္တရာယ်မကင်းရသည့် အချက်အလက်တစ်ခုခုကို သူဘာသူ ရှာမရခြင်း ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လိုက်နေတာ မဟုတ်တော့ပါဘူး။ ကျွန်တော် ကြိုက်သလိုလို ရှိခဲ့လို့ လိုက်ခဲ့တာ။ အခုတော့လည်း သိပ်မကြိုက်တော့သလိုရှိလို့ မလိုက်တော့ဘူးဟု မုသားမပါသည့် အဖြေမျိုးကိုသာ သူ ပြန်ပေးခဲ့လိုက်သည်။ လောလောဆယ် သူ့ခေါင်းထဲတွင် စိုးမိုးနေသည်မှာ နှလုံးသားရေးရာကိစ္စ မဟုတ်ဘဲ ဥပဒေအား ဖောက်ဖျက်မှု တစ်စုံတစ်ရာ မရှိပါဘဲနှင့် ရဲတစ်ဦးက ပြည်သူတစ်ဦးအား အချောက်တိုက် အန္တရာယ်ပြုနိုင်စွမ်း ရှိပါသလားဟူသော မေးခွန်းသာ ဖြစ်ပါသည်။
◄ တေဇာ ►
Comments
Post a Comment