“အတွဲအစပ်”
အလုပ်သာ အဓိကဆိုလို့
နွားတွေကို ပြေးမြင်မိတယ်
အတွေးမှ ပဓာနဆိုပြန်ရင်လည်း
“ဇီးဂမွန်ဖှရွိုက်” က ပြန်နှိုးတော့မှာ မဟုတ်ဘူး
ရုပ်ရယ်နာမ်ရယ် နှစ်ပါးပဲရှိတာကွဲ့
တဲ့အောင် နေမှပေါ့။
“ခြေရာများ”
ကမ်းခြေမှာ
သဲပုံစေတီလေးတွေ တည်ခဲ့မယ်
ဒီကိုတစ်ဦးတစ်ယောက် ရောက်ခဲ့ကြောင်း
နှောင်းလူအပေါင်း
သိကောင်းသိနိုင်အောင်။
“အချိုး”
အတွေးတွေကို ထုပ်ပိုးပြီး
အလကား ပေးပြစ်လိုက်မယ်
ငါ့စေတနာမှာ
အတ္တတွေ ရောင်စုံဖြာလို့။
“တစ်ဖက်သတ်”
ခင်ဗျားချည်းပဲ ပြောနေတယ်
ကျွန်တော်ပြောတာလည်း နားထောင်ဦးလို့
ရေဒီယိုကလာတာ ကြားလိုက်ရသလို
သူကပဲ ကျွန်တော့်ကို
ခံစားချက်မရှိလို့ဆိုပဲ။
“ဂုံးတံတားအောက်က နိုင်ငံရေး”
သူတောင်းစားတစ်ဦးဟာ
အစာငတ်ခံဆန္ဒပြချင်ရင် ဘယ်လိုလုပ်ရပါ့
စားနိုင်သောက်နိုင်မှသာ
ဆန္ဒလည်းပြနိုင်ပေလိမ့်မယ်။
◄ တေဇာ ►
Comments
Post a Comment