ရုံးတော်၏ ရှေ့တွင် တံခါးစောင့်တစ်ဦး ထိုင်နေသည်။ ထိုတံခါးစောင့်ဆီသို့ နယ်ဝေးမှလူတစ်ဦး ရောက်လာကာ ရုံးတော်အတွင်းသို့ ၀င်ခွင့်တောင်းခံသည်။ သို့သော် တံခါးစောင့်က သူ့အနေဖြင့် ယခုလောလောဆယ်တွင် ၎င်းအား ၀င်ခွင့်မပြုနိုင်သေးဟု ပြောဆိုသည်။ ထိုသူက စဉ်းစားလိုက်ပြီး နောက်ခဏအကြာတွင်ရော သူဝင်ခွင့်ရနိုင်ပါမည်လားဟု ဆက်လက်မေးမြန်း လိုက်သည်။ `ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့မဟုတ်ဘူး´ ဟု တံခါးစောင့်က ပြောသည်။ ရုံးတော်၏ တံခါးဝသည် အစဉ်အမြဲရှိခဲ့သလိုပင် ပွင့်လျက်သား တည်ရှိနေပြီး တံခါးစောင့်က ဘေးတစ်ဘက်သို့ လျှောက်သွားသည်။ ထို့ကြောင့် ထိုသူက ဂိတ်ပေါက်ဝကိုဖြတ်ကာ အတွင်းသို့ မြင်လိုမြင်နိုင်ငြား ကိုယ်ကိုကိုင်းညွတ်၍ မျှော်ကြည့်လိုက်သည်။ ထိုအဖြစ်အား တံခါးစောင့်က မြင်သော် ဤသို့ ရယ်မော ပြောဆိုလိုက်သည်။ `တကယ်လို့ ခင်ဗျား အရမ်းဝင်ချင်နေတယ်ဆိုရင် ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ၀င်သွားကြည့်ပါလား။ ဒါပေမဲ့ တစ်ခုတော့လည်း မှတ်သွားဦး။ ကျွန်တော်က သန်မာတယ်။ ဒါတောင်မှ ကျွန်တော်ဟာ တံခါးစောင့်တွေထဲမှာ အနိမ့်ဆုံးအဆင့်မျှပဲ။ အခန်းတိုင်း အခန်းတိုင်းမှာ တံခါးစောင့်တွေ ရှိပြီး တစ်ယောက်ဟာ အခြားတစ်ယောက်ထက် ပိုမိုသန်မာသွားကြတယ်။ တတိယလူကိုဆို က...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။