Skip to main content

Posts

Showing posts from 2013

အတိုးဆုံးကဗျာများ (၄၆)

Mnemonic ကလေးလေးပြန်ဖြစ်ဖို့ လိုမှာလား ဖုန်မှုန့်ပေါ် မိုးဖွဲလေးတွေကျခါစ မြေသင်းနံ့ကို ရဖို့။ Going Adrift အတွေးနယ်ချဲ့နေတယ်လေ အတွေးနယ်ချဲ့နေတာပေါ့ ဒါဟာငုတ်တုပ်ထိုင်ရင်း ငါကျယ်ပြန့်ခဲ့ပုံပဲ။ The Net အကြိမ်ကြိမ် လွတ်ခဲ့ဖူးတဲ့ ငါးတစ်ကောင်လို ငါ့ကိုယ်ငါ ကြီးထွားအောင်နေတယ် ပင်လယ်ပြင် ဘယ်လောက်ကျယ်ကျယ် တစ်ခါလောက် ငြိတွယ်ဖို့။ Black Humor ကျွန်တော့်ထီးကလေး ပြောင်းပြန်လန်သွားတယ် အများအမြင်တော့ ရယ်စရာပေါ့လေ။ Introspective ခြေဦးတည့်ရာလျှောက်ပြေးနေရာကနေ ခဏရပ်ပြီးစဉ်းစားဖို့ အချိန်ပဲ ဟုတ်ပါပြီ ဘာဖြစ်ခဲ့တာလဲ။ တေဇာ (လရောင်လမ်း) Image: https://www.facebook.com/artsartistsartwork

အချစ်နှင့် ထိတွေ့ခြင်း [၁] (Samsa in Love)

သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာ အဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။ အိပ်ယာပေါ်မှာ ကျောကို အပြားလိုက်ခင်းပြီး မျက်နှာကြက်ကို သူကြည့်နေတယ်။ အလင်းရောင်မရှိလို့ မျက်လုံးတွေကို ကျင့်သားရအောင် အချိန်ယူနေရတယ်။ မျက်နှာကြက်ကတော့ သာမန်မျက်နှာကြက်မျိုးပါပဲ၊ နေရာတိုင်းမှာတွေ့နိုင်တဲ့ မျက်နှာကြက်မျိုးပဲ။ အရင်သုတ်ထားခဲ့တာကတော့ အဖြူ၊ ဒါမှမဟုတ် နို့နှစ်ရောင်ဖျော့ဖျော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖုံတွေ အညစ်အကြေးတွေ တင်နေခဲ့လို့ အခုတော့ နို့ညစ်ရောင်ပေါက်နေပြီ။ ဖွဲ့နွဲ့ပြောပလောက်စရာ အဆင်တန်ဆာလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယူဆစရာ၊ ငြင်းခုန်စရာ တစ်ခုမှ မရှိဘူး။ တည်ဆောက်ပုံအပိုင်းမှာ မျက်နှာကြက်တစ်ခုရဲ့ တာဝန်ကျေပေမယ့် ဒီထက်ပိုပြီး ဘာမှဆက်မျှော်လင့်လို့ မရတော့တဲ့ ပုံစံမျိုး။ သူ့ဘယ်ဘက်က အခန်းနံရံမှာတော့ ခပ်ရှည်ရှည် ပြတင်းပေါက်တစ်ခုရှိနေတယ်။ ဒါပေမဲ့ လိုက်ကာမရှိဘဲ သစ်သားပြားထူထူတွေကို ကန့်လန့်ဖြတ်ပြီး သံနဲ့ရိုက် ကာထားတယ်။ ကန့်လန့်ဖြတ် သစ်သားပြားတွေရဲ့ ကြားမှာ တစ်လက်မ၀န်းကျင်လောက် ဟနေတယ်၊ တမင်ဟထားတာ ဟုတ်မဟုတ်တော့ မသိရဘူး။ အဲဒီကြားကနေ နံနက်ခင်း ရောင်ခြည်တွေ ဖောက်ဝင်လာပြီး ကြမ်းပြင်ပေါ်မှ...

အတိုးဆုံးကဗျာများ (၄၅)

Impetus အံ့သြမိရတယ် ပထမဆုံးကြယ်သီးလေး ဖြုတ်လိုက်ရုံနဲ့ နောက်ဟာတွေ အလိုလိုပြုတ်သွားတာ အစက အစကို နားမလည်ခဲ့ဘူး။ Drinker ဘယ်ဖန်ခွက်ကို(ကျ)မှ နှုတ်ခမ်းချင်း တေ့စုတ်ရပါလို၏လို့ မရည်ရွယ်ခဲ့သလိုပါ၊ ကြုံသလိုဆိုတာ။ Duo ကိုယ့်ကိုယ်ကိုယ်မှတဲ့အောင် မပေါင်းနိုင်တဲ့ အချိန်မှာ အထီးကျန်ခြင်းဟာလည်း စိတ်တိုစရာ ဖြစ်လာတယ် တကယ်တော့ ငါကငါ့ကို ချစ်လို့စမိတာ။ Voyage ငါ့ကိုယ်ငါ ဘယ်ရောက်လို့ရောက်မှန်းမှ မသိတော့ဘူး ဘေးတစ်ဖက်တစ်ချက် ဇင်ယော်လေးတွေ ယှဉ်ရက်သား ပျံသန်းခဲ့ချိန်ဟာ အတော်ကျန်ခဲ့ပေါ့။ Guilt အပြန်မှာချည်း ဖြတ်လျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို ဆင်ခြေလျောလမ်းကလေးက ဘယ်လိုသဘောထားမလဲ ဒီနေ့လည်း အပြစ်မကင်းခဲ့ပါဘူး။ တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၄၄)

Pristineness အဲဒီလို သူတစ်ကိုယ်တည်း ရိုးဖြောင့်လှပနေပုံဟာ ငါ့အဓိပ္ပာယ်တွေနဲ့ ကောက်ပစ်ရက်စရာ မရှိခဲ့ ရှိပါစေကွဲ့ပဲပေါ့လေ။ Hibernation Mode ၀က်ဝံပေါက်စနလေး တစ်ကောင်လို ဆောင်းခိုတယ် လူမသိသူမသိ အရေခွံထူရသည့်နေ့များ ငါ့မှာ မအားလပ်ခဲ့ပါဘူး။ Defense Mechanism   နောက်ဆုံးပဲလေ ကျွန်တော့် ရဲတိုက်ကလေး နင်းခြေဖျက်ဆီး ခံရပြီးကတည်းက အဲဒီသဲပုံမှာ သွားမဆော့ဖြစ်တော့ဘူး။ Curiosity မုန်တိုင်းဆဲစ အကြွင်းအကျန်အစအနတွေကြား မွှေနှောက်ရှာဖွေနေတဲ့ ကလေးလေးလို ရင်ဖိုတယ် ဒီလိုမသိသားဆိုးရွားစွာ ကမ္ဘာပျက်ကြီးမှာ ငါပျော်တယ်။ Identity II နံချပ်ကူမှ မကိုင်ရရင် လိပ်နင်ဂျာလည်း မလုပ်တော့ဘူး ငါ့သီးခြားဝိသေသလေးတော့ ပေးကြပါ။ တေဇာ (လရောင်လမ်း)

ဇစ်ပိုမီးခြစ်

ဂျွန်က ပြောလိုက်သည်။ “ငါ အိပ်မက်တစ်ခု မက်တယ်။ အဲဒီအကြောင်းကို မင်းကို ပြောပြချင်တယ်။ ငါက ဘီယာဘားတစ်ခုထဲမှာ ဘော်ဒါတွေနဲ့အတူ မတ်တပ်ရပ်နေတယ်။ သောက်ရင်းစားရင်း စကားပြောရင်းပေါ့။ သောကြာနေ့ညဆိုတော့ ဘားကတော့ ထုံးစံအတိုင်း လူပြည့်နေတာပေါ့။ သီချင်းသံလည်း ကျယ်ကျယ်လောင်လောင် ဖွင့်ထားတယ်။ ဘီယာသောက်ထားလို့ ငါက ကောင်းနေပြီ။ ဒါပေမဲ့ ခေါင်းစိုက်အောင် ကောင်းနေတာမျိုးတော့ မဟုတ်ဘူး။ ငါ့စိတ်ထဲမှာတော့ အတော်ကို အထာကျတဲ့နေရာပဲလို့ ခံစားနေရတယ်၊ ကောင်မလေးတွေကလည်း လှတယ်။ တစ်ညလုံး ဒီအတိုင်းဆက်ကဲဖို့ ငါ့အိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ပါတယ်။ မင်းသိပါတယ်၊ ရွှေဖြစ်နေတယ်ပေါ့ကွာ” သူက ပြတင်းပေါက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။ ပြီးနောက်မှ အသက်ကိုပြင်းပြင်း ရှူရင်း ဆက်ပြောသည်။

သူမ

[၁] တြိဂံပုံအမိုး ကျေးလက်အခန်းငယ်လေး တစ်ခုအတွင်းမှာ ထိုင်နေရင်း တံခါးရွက်နှစ်ခုပါမှန်တံခါးကိုဖြတ်ပြီး အပြင်ကို သူမ လှမ်းကြည့်နေမိတယ်။ စိုထိုင်းထိုင်း နွေတစ်နေ့ပါပဲ။ သူမ ၀တ်စားထားပုံကတော့ သိပ်ခေတ်မဆန်လှဘူး။ ရှေ့အိတ်ကပ်နှစ်ခုပါ စစ်ဖျင်ကြမ်း ရှပ်အင်္ကျီလက်တို၊ အိတ်ကပ်တစ်ခု အတွင်းမှာတော့ ခဲတံတစ်ချောင်း ထိုးသွင်းထားတယ်။ အရောင်အသွေးကင်းမဲ့နေပြီဖြစ်တဲ့ မီးခိုးဖျော့ရောင် အကြမ်းစားဘောင်းဘီက ဆူးပင်တွေကြား ဖြတ်ခဲ့ရတာကြောင့် တချို့နေရာတွေမှာ စုတ်ပြဲနေပြီ။ သူမ အရှက်ကိုရော ပိုးမွှားတွေရန်ကပါ တစ်ပြိုင်တည်း တာဝန်နှစ်ခုယူ ကာကွယ်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ ပိုးမွှားတွေဆီက ထုတ်လွှတ်တဲ့ ယူကလစ်ဆီနံ့ အကြွင်းအကျန်တွေ ရှိနေသေးတဲ့ သန်မာပြီး ကြွက်သားပြည့်ဝတဲ့ သူမရဲ့ လက်ဖျံတွေ။ ဒီလက်ဖျံတွေက အပြိုင်းအရိုင်းပေါက်နေတဲ့ ကိုင်းပင်တွေကြားမှာ လမ်းဖြစ်အောင် ဖယ်ရှားရှင်းလင်းသွားနိုင်ကြောင်းကို ပြသနေတယ်။ ပြီးတော့ သူမရဲ့ ကြမ်းရှရှခြေဗလာကလည်း မညီမညာ ပက်ကြားအက်တွေပေါ် လျှောက်သွားနိုင်စွမ်းရှိကြောင်းကို သက်သေထူနေပါတယ်။ ဆင်ခြေလျောဖုန်းဆိုးမြေဆီ သူမ ဝှေ့ကြည့်လိုက်တယ်။ တစ်ဖက်မှာ ပင်လယ်ရေတိုက်စားထားတဲ့ ဆားသောင်ပြင်ကို ဝေ့၀ိုက်ပိ...

ကဗျာကို ဘာသာပြန်တဲ့ကိစ္စ [မြင့်သန်း]

ကဗျာကို ဘာသာပြန်ဖို့ ကဗျာနောက်က ကဗျာ The Poem behind the poem ကို သိဖို့လိုလိမ့်မယ် (အမှာ။ အလျင်က မဂ္ဂဇင်းတချို့မှာ ကဗျာကိုဘာသာပြန်တဲ့ကိစ္စဆိုပြီး ရေးခဲ့ဖူးပါတယ်။ အကြောင်းအရာက မျိုးတူစုတစ်ခုတည်းအောက်မှာဖြစ်နေလို့ ဒီနာမည်ပဲ ထပ်ပေးလိုက်ရပါတယ်။) ကဗျာကိုဘာသာပြန်တဲ့အလုပ်ကို စနစ်တကျ ဦးဆောင်ဦးရွက်ပြုလုပ်နေတဲ့ ပညာရှင်တွေရှိပါတယ်။ ဒီပညာရှင်တွေရဲ့ အယူအဆကို အထိုက်အလျောက်ထည့်ပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလို စဉ်းစားကြည့်ဖို့လိုရတာက ကဗျာကိုဘာသာပြန်တာပဲ ဘာခက်တာမှတ်လို့၊ အဘိဓာန်တစ်အုပ်နဲ့ အပျင်းပြေဘာသာပြန်လို့ဖြစ်တယ်လို့ ထင်ထားတဲ့လူတွေ ယုံမှတ်မှားသလောက် မလွယ်ဘူးဆိုတာကလေး ပေါ်လွင်စေချင်လို့ပါ။ ရန်ကုန်ရောက်တုန်းက လူငယ်ကဗျာရေးသမားတစ်ယောက်က ပြောပြတယ်။ အင်္ဂလိပ်စာသင်သူတစ်ယောက်က အင်္ဂလိပ်ကဗျာတွေကို စာလုံးတစ်လုံးချင်းအနက်ဖော်, ပြန်စီ၊ Paraphrase လုပ်ပြီး အနက်ဖော်ရတယ်လို့ ရေးဖူးသတဲ့။ ဘယ်သူရေးတယ်ဆိုတာကတော့ သူလည်း မမှတ်မိတော့လို့ အသေအချာ မသိလိုက်ရဘူး။ အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ်အောင် သင်တဲ့နေရာမှာ Paraphrase ဟာ သိဖို့လိုအပ်ပါတယ်။ ဒါပေတဲ့ ကဗျာလို အရေးအသားတစ်ရပ်နဲ့တည်ဆောက်ထားတဲ့ စာပေပစ္စည်းတစ်မျိုးမျိုးမှာ ကနဦး/အ...

သဲခုံတာ၊ ဘ၀၊ သေခြင်းတရားနှင့် တဲင်နစ်ဆင် [မြင့်သန်း]

အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ်ရေးခဲ့ပါတယ်။ ဒီကဗျာကို ရေးချင်နေတာကတော့ ကြာပြီ။ ချရေးလိုက်တော့ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတယ်။ ရေးပြီးတော့ သူ့သား ဟဲလယ်(မ)ကို ပြတယ်။ အဲဒီကဗျာကို သူ့ကဗျာပေါင်းချုပ်တွေ ထုတ်ဝေတိုင်း နောက်ဆုံးကဗျာအဖြစ် ဖော်ပြပေးဖို့လည်း မှာထားခဲ့တယ်။ ဟဲလယ်(မ)ကတော့ ဒီကဗျာဟာ သူ့အဖေရဲ့ ကဗျာဆရာအဖြစ် ဖြစ်ရှိနေခဲ့ရခြင်းအကြောင်းပဲလို့ ဆိုတယ်။

ဆယ့်လေးရာစုတုန်းက သူတို့ နောက်ပြောခဲ့ကြတာမဟုတ်ဘူး

အချစ်စိတ်နဲ့ ကြည့်တော့ သူတို့ ကန်းနေတာလို့ ပြောတုန်းက သူတို့ နောက်ပြောနေခဲ့ကြတာ မဟုတ်ဘူး။ အသိစိတ်ရှိနေဆဲ ရှင်သန်သူတွေထက်တောင် အသေကောင်က ပိုပြီး ဘယ်လိုခါးသီး ခံစားခဲ့ရတယ်ဆိုတာ အသေအချာ မပြောနိုင်ပေမယ့်လည်း ဒါက စကားလှရုံ ခံစားကောင်းရုံလောက်တော့ မဟုတ်ခဲ့ဘူး။ ငါ့အတွက် မင်းက အဲဒီလောက်ထိကို အလင်းမတိုးဘူး ဒိုးယိုပေါက်မြင်ရတဲ့ မင်းရဲ့ တိုတောင်းလှတဲ့ ခဏတာတွေဟာ လူတိုင်း လေးမြတ်ကြတဲ့ အရိုင်းဝါဒ အဆောက်အဦက လှည့်စားဖို့ထားတဲ့ ပြတင်းပေါက်တွေပမာ။ မင်းဘ၀အတွက် လိုအပ်တဲ့ အားထုတ်မှုတွေက ငါ့ကို မောပန်းစေခဲ့ပေါ့။ ငါ နောက်ပြောနေတာ မဟုတ်ဘူး။ တေဇာ (လရောင်လမ်း) They Were Not Kidding in the Fourteenth Century by Maureen N. McLane ကို ဆီလျော်သလို။ Image Credit: http://parisisinvisible.blogspot.com

စံပယ်ကို မျှားခြင်း

[ ၁ ] ကုတင်နံပါတ် (၆) ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမျိုးသမီးငယ်ကို စံပယ်လို့ ခေါ်ပါတယ်။ ကျွန်မနာမည်ကလည်း စံပယ်ပါပဲ၊ ဒါပေမဲ့ နာမည်ဆိုတာတွေက အပေါ်ယံလောက်ပဲလေ၊ ရေမျက်နှာပြင်ပေါ်မှာ တပွက်ပွက်ထနေတဲ့ ရေမြုပ်တွေမျှပဲ။ ကျွန်မတို့နှစ်ယောက်မှာ ဒီထက်မက ပိုမိုနက်ရှိုင်းတဲ့ ဆက်သွယ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ သူ ကျွန်မကိုသဘောကျတာ၊ ဒါကြောင့်ပဲ တာဝန်ချိန်မဟုတ်တဲ့ အချိန်တွေမှာ သူ့အနား ကျွန်မ ထိုင်နေမိတတ်တာပေါ့။ ဒီနေ့ကတော့ ဒုက္ခရောက်တဲ့ နေ့တစ်နေ့ပါပဲ။ အဆောင်မှာ လူနာတွေနဲ့ အများကြီးနဲ့ ရှုတ်ယှက်ခတ်နေလို့ ကျွန်မလည်း အလုပ်တွေမပြီးနိုင် ဖြစ်နေတယ်။ အိပ်ယာခင်းတွေသိမ်း၊ ပုံစံတွေ ဖြည့်၊ အ၀တ်အစားလဲ စသည်ဖြင့်ပေါ့။ နောက်ဆုံး နေ့လယ်နှောင်းပိုင်းလောက်ရောက်တော့မှ ကော်ဖီဖျော်ဖို့ အချိန်လေးနည်းနည်းရပါတယ်။ ကော်ဖီကို စပယ့်ကုတင်ဘေးနားက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံလေးဆီ ကျွန်မ ယူသွားလိုက်တယ်။ အခုလို ခဏတဖြုတ်ထိုင်ခွင့်ရတာကို ကျေးဇူးတင်နေမိတယ်၊ သူ့အနားမှာ အဖော်လုပ်ပေးရတာကိုလည်း ၀မ်းသာနေမိပါတယ်။

စာခြောက်ရုပ်

ဒီလိုနဲ့ ကျွန်မတို့လည်း အဲဒီစာခြောက်ရုပ်ကို အလုပ်ခန့်လိုက်တယ်။ သူ့နာမည်က ယင်စင်းတဲ့။ ကျွန်မ အစ်မက အဲဒီကြော်ငြာကို သတင်းစာထဲမှာ စမြင်တော့ "သူက တကယ်ကြီးတဲ့လား" လို့မေးတယ်။ ကျွန်မလည်း လူချင်းတွေ့ဖို့ ဖုန်းဆက်ကြည့်တယ်။ နေ့လယ်ခင်းလောက်မှာ ကျွန်မတို့တွေ့ဖြစ်ကြတယ်၊ ညနေခင်းကျတော့ ဖုန်းထပ်ဆက်ပြီး ရှင့်ကိုအလုပ်ခန့်လိုက်ပြီလို့ တစ်ခါတည်း ပြောလိုက်တော့တယ်။ အဲဒီနေ့က တနင်္ဂနွေနေ့။ သူ့ကို မြေကွက်လပ်ဆီ လိုက်ပြပြီးတော့ ကျွန်မတို့လည်း မီးဖိုချောင်ရဲ့ ပြတင်းပေါက်ဆီကို လှမ်းကြည့်လိုက်ကြတယ်။ အဲဒီမှာ သူခြောက်ရမယ့် ငှက်မည်းမည်းတွေရစ်ဝဲနေတယ်လေ။ အဲဒီအကောင်တွေ အကုန်ခြောက်ထုတ်ပေးပါမယ်လို့ သူက တာဝန်ယူလိုက်တယ်၊ ဒါပေမဲ့ သူ့လက်တွေက တုန်လှုပ်နေပါတယ်။ "ရှင် ကြောက်များနေသလား" လို့ ကျွန်မက မေးလိုက်တယ်။ "ကတုန်ကရင်" ဖြစ်နေတာပါလို့ သူကပြောတယ်၊ အမူးလွန်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒီလို တုန်လှုပ်နေတာကလည်း အလုပ်တော့ဖြစ်သားပဲ။ "ခင်ဗျားကိုပိုပြီး အသက်ဝင်လာစေတာပေါ့" လို့ သူကပြောတယ်။ အာရုဏ်မကျင်းမီ မနက်တိုင်း ကျွန်မက ကြောင်ကလေးကို အပြင်ထွက်ဖို့ တံခါးဖွင့်ပေးတတ်တယ်။ အဲဒီတော့ ယင်စင်...

ပုံပြင်လေးတစ်ပုဒ် (ကာဖှကာ)

ကြွက်ကလေးက ပြောလိုက်တယ်။ "အားလားလား၊ ကမ္ဘာကြီးတစ်ခုလုံးဟာ တစ်နေ့တခြား သေးသေးလာတယ်။ အစတုန်းကတော့ ကြီးလွန်းလို့ ငါ့မှာ ကြောက်မိခဲ့သေးတာ၊ ငါ မရပ်မနား ပြေးတယ်, ပြေးတယ်၊ လက်ဝဲလက်ယာ ခပ်လှမ်းလှမ်းမှာ နံရံတွေကို မြင်လာရတော့ ငါ့မှာ ၀မ်းသာခဲ့မိတယ်၊ ဒါပေမဲ့ အဲဒီ နံရံကျယ်တွေဟာ အလျင်အမြန် ကျဉ်းမြောင်းလာလိုက်တာ နောက်ဆုံးတော့ အလုံပိတ်အခန်းထဲ ငါရောက်လာခဲ့ရပြီ၊ ပြီးတော့ ဒီအခန်းရဲ့ အစွန်းမှာ ငါဝင်တိုးရမယ့် ထောင်ချောက်တစ်ခု ရှိနေတယ်" "မင်းရဲ့ ဦးတည်ရာကို ပြောင်းလိုက်ဖို့ပဲ လိုပါတယ်" ပြောပြောဆိုဆို ကြောင်ကကြွက်ကို စားလိုက်တော့တယ်။ တေဇာ (လရောင်လမ်း) Franz Kafka by A Little Fable ကို ဆီလျော်သလို Image: http://www.elke-rehder.de

ဖီးနစ် [မောင်ဒေး]

ကြီးမြတ်သော မျိုးနွယ်ဝင်ဖြစ်သည့် လော့ဒ်စတော်ဘယ်ရီသည် ငှက်မျိုးစုံကို စုဆောင်းသူဖြစ်သည်။ သူ့ထံတွင် ဥရောပ၌ အကောင်းဆုံးဟုဆိုရမည့် ငှက်မွေးခြံကြီးရှိသည်။ ထိုခြံမှာ ကြီးလွန်းလှသည့်အတွက် လင်းယုန်ငှက်လိုအကောင်ကြီးများပင် သက်တောင့်သက်သာ ကျက်စားနိုင်သည်။ စီမံခင်းကျင်းထားပုံကလည်း ကောင်းမွန်ပြီး၊ ငှက်ပိတုံးများနှင့် နှင်းခဲအရပ်၌ကျင်လည်သည့် တေးဆိုငှက်များအတွက်ပင်လျှင် ၎င်းတို့နှင့်ကိုက်ညီသော ရာသီဥတုမျိုးကို ပြည့်စုံကျနစွာ ဖန်တီးပေးထားသည်။ သို့ပေမယ့် ထိုငှက်မွေးခြံကြီးထဲ၌ရှိသည့် ငှက်လှောင်အိမ်များထဲမှ အကောင်းဆုံးအညွန့်ဆုံးဖြစ်သော ငှက်လှောင်ခန်းတစ်ခုမှာမူ နှစ်ပေါင်းအတော်ကြာအောင်ပင် ဗလာကျင်းကာ ဟာလာဟင်းလင်းဖြစ်နေခဲ့ပေသည်။ ထိုငှက်လှောင်ခန်းတွင် လေဘယ်ပြားတစ်ခု ချိတ်ဆွဲထား၏။ ၎င်းကတ်ပြားပေါ်တွင် ဤသို့ ရေးသားထားသည်။ ငှက်အမျိုးအမည် - ဖီးနစ် ကျင်လည်ရာအရပ် - အာရေဗျ

အလင်းရောင်၏ အောက်၌ [မြင့်သန်း]

“ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းလည်း မနေ့ကနဲ့ကွာ၊ မနေ့ကလို မနာတော့ပြီ…” ~ စိုင်းခမ်းလိတ်၊ အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ အကုန်လုံး ဖွေးဖွေးဖြူနေတာပဲ။ နံရံ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်တွေ အားလုံးက အဖြူရောင်ဆိုတော့ အခန်းတစ်ခုလုံး ဖွေးနေတယ်။ လင်းလက်နေသလိုပဲ။ အပြင်ဘက်မှာတော့ မိုးလင်းနေပြီလားမသိဘူး။ မိုးလင်းရင် အလင်းရောင်ရလာလို့ အမှောင်ပျောက်သွားလိမ့်မယ်။ အခန်းထဲမှာတော့ သိပ်ထူးမှာမဟုတ်ဘူး။ မှောင်သွားမှာစိုးလို့ အခန်းထဲမှာ အမြဲတမ်း မီးဖွင့်ထားတယ်။ အမြဲတမ်း အလင်းရောင်ရှိနေတယ်။ မကြာခင်ပဲ သူနာပြုကိုချစ်စိန် ရောက်လာတယ်။ ထုံးစံအတိုင်း ဆရာကြီး နေထိုင်ကောင်းရဲ့မဟုတ်လားလို့ပြောပြီး ပြတင်းပေါက်က အခန်းစည်း ဖယ်လိုက်တယ်။ နောက် ပြတင်းပေါက်ကိုဖွင့်တယ်။ ဟုတ်တယ်၊ အပြင်ဘက်မှာလည်း လင်းထိန်နေပြီ။ လေအေးကလေး၊ တိုးဝင်လာတယ်။ မနက်ခင်းလေလို့ ခေါ်ချင်ခေါ်ကြလိမ့်မယ်။ မှောင်ထဲမှာ ထိုင်နေရင်း လေတိုးခံရရင် ဘယ်လိုနေမလဲ၊ ညဘက်မှာတိုးလာတဲ့ လေပြေလေးနဲ့ ဘာကွာသလဲ စဉ်းစားကြည့်နေမိတယ်။ ကိုချစ်စိန်က မနက်စာလည်းယူလာတယ်။ မနက်စာဗန်းထဲကို စားပွဲကလေးမှာချလိုက်ပြီး ပြင်နေတယ်။ မနက်စာစားရင်း သောက်ရမယ့်ဆေးတွေကို ပလတ်စတစ်ခွက်ကလေးထဲမ...

မြစ်တစ်စင်း လူနှစ်ယောက် [မောင်ဒေး]

အမိန့်ကတော့ တိတိကျကျ ရှင်းရှင်းလင်းလင်းပါပဲ။ မြစ်ထဲမှာ ရေမချိုးရတဲ့။ တပ်စခန်းရဲ့အပြင်ဘက် မီတာနှစ်ရာ အကွာအဝေးဟာလည်း တပ်သားတိုင်းအတွက် ကန့်သတ်နယ်မြေဖြစ်သတဲ့။ ဒီလိုရှင်းလင်းနေမှတော့ ဒီအမိန့်ကို မှားယွင်းဘာသာပြန်တာမျိုး မရှိနိုင်တော့ဘူးပေါ့။ အမိန့်ကို ချိုးဖောက်မယ်ဆိုရင်တော့ ချိုးဖောက်သူဟာ စစ်ခုံရုံးအတင်ခံရပြီမှတ်။ ဒီအမိန့်ထုတ်ပြန်ချက်ကို ဗိုလ်မှူးဖြစ်သူကိုယ်တိုင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖတ်ပြခဲ့တာဖြစ်တယ်။ တပ်တစ်ခုလုံးကို ဆင့်ခေါ်ပြီး ဖတ်ပြခဲ့တာပါ။ ဌာနချုပ်ကလာတဲ့ အမိန့်တဲ့။ ပေါ့တီးပေါ့ပျက်သဘောထားရမယ့်ကိစ္စ မဟုတ်ဘူးတဲ့လေ။ သူတို့တပ်ဟာ မြစ်ကြီးရဲ့ဒီဘက်ကမ်းကို လွန်ခဲ့တဲ့သုံးပတ်လောက်က ရောက်ခဲ့တာဖြစ်ပြီး ဒီမှာပဲ တပ်စခန်းချဖြစ်ခဲ့ကြတယ်။ မြစ်ရဲ့ဟိုဘက်ကမ်းပေါ်မှာတော့ ရန်သူတွေရှိတယ်။ သူတို့အမြဲခေါ်လေ့ရှိတဲ့အတိုင်းဆိုရင်တော့ “တစ်ဘက်လူတွေ” ပေါ့လေ။ ဒီလိုနဲ့ပဲ လှုပ်လှုပ်ရှားရှားမရှိလှတဲ့ ရက်သတ္တပတ်သုံးခုကို သူတို့ဖြတ်သန်းခဲ့တာပါ။ ဒါပေမဲ့ အခြေအနေက ဒီအတိုင်းဆက်ပြီး ငြိမ်သက်နေမှာတော့ မဟုတ်ဘူး။ လောလောဆယ်မှာသာ အားလုံး ငြိမ်ငြိမ်သက်သက်ရှိနေတာပါ။ မြစ်ကမ်းနှစ်ဘက်စလုံးရဲ့ အတော်လှမ်းလှမ်းအကွာမှာ တောရှိတယ်။ အလွန်ထူထပ်တဲ...

ချောင်းမကြီးရေလျှံတုန်းက သန်းခဘာလုပ်နေလဲ [မြင့်သန်း]

သန်းခတစ်ယောက် ရှိရှိမရှိရှိ လောကကြီးကတော့ သိပ်ထူးမှာမဟုတ်ဘူး။ ဒါပေတဲ့လည်း သင်းကို ဆန်ကုန်မြေလေးလို့တော့လည်း မခေါ်လောက်ဘူး။ အဲသလိုခေါ်မယ်ဆို ခေါ်စရာလူတွေက အပုံချည်းပဲ။ လောကကြီးက သင်းရှိနေလို့ သိပ်မထူးသလို သင်းကလည်း လောကကြီးရှိနေတာ သူ့အတွက် ဘာမှမထူးဘူးလို့ ထင်တာ။ သူထင်ရာသူလျှောက်လုပ်နေတဲ့ လူမျိုး။ မောင်ဆင်က သူ့ကို ခေါ်ပုံသာကြည့် “ဆယ့်တစ်လက်မသန်းခ” တဲ့။ ဒီကိစ္စတော့ မတော်မတည့်တွေ လျှောက်မတွေးကြခင် ခုကတည်းက ရှင်းထားစမ်းပါရစေ။ ဒီကောင်က လက်သမားနောက်လိုက်၊ ပန်းရံနောက်လိုက်လုပ်တယ်။ အလုပ်အကိုင်ကလည်း တော်ပါတယ်။ သို့ပေတဲ့ သူအတွေးပေါက်တဲ့အခါ ထင်ရာလုပ်တဲ့လူမျိုး။ တစ်နေ့တော့ စာသင်တိုက်ကြီးက ဆရာတော်ကြီးရဲ့စံကျောင်း အပေါ်ထပ် ဆင်ဂလယ်(ဆင်ကပ်လယ်)က လက်ရန်းတန်းတွေ ပြုပြင်တယ်။ ဒီတော့ ထုံးစံအတိုင်း သက်ကယ်သောင်မောင်ဆင်က ဦးစီးရတာပေါ့။ နောက်လိုက်က သန်းခရယ်၊ အဲဒီတုန်းက မောင်ဆင်က အောင်မင်္ဂလာကျောင်း ဆွမ်းစားဆောင်လည်း ပြင်နေရတော့ နှစ်ဖက်ခွ လုပ်နေရရှာတယ်။ အဲဒီမှာက သောင်းစိန်တို့လူသိုက်ရှိတယ်။ ဆရာတော်ကြီးရဲ့ကျောင်းက လက်ရန်းတွေလဲတယ်ဆိုပေတဲ့ တစ်ချီတည်း မိချောင်းတုံးတွေလည်း လဲလိုက်ရတော့တာကိုး။ အဲဒါတွေလဲပြီးတယ်ဆိုရင်ပဲ အမှန်မှ...

တစ်နေ့

တံတားပေါ် တစ်ချက်ချက်ဖြတ်နေတဲ့ ရထားသံနဲ့အတူ အရာရာ ဖြိုးဖြိုးဖျပ်ဖျပ် အထူးသဖြင့် ယခင်ကျောက်မီးသွေးနဲ့ သွားခဲ့တဲ့ ဒီဇယ်စား ရထားရှည်ရှည် ခုတ်မောင်းရာအရပ်၊ မရဏစားကျက်ဆီ ခရီးနှင်နေတဲ့ မြင်းရဲ့ နားတွေ၊ နှာသီးဝနဲ့ သွားတွေ ပုရစ်နဲ့ ငှက်တွေကို ငါ ဆက်နားထောင်တယ် ပြီးတော့ စကားလုံးတွေ အောက်ပြုတ်ကျသွားတယ်။ ရထားကို ငါက မိုးကြိုးမုန်တိုင်းနဲ့ မှားတယ် မိုးမခပင်ကို ငါက အိမ်ယာနဲ့ မှားတယ် စဉ်းစားကြည့်တော့လည်း အခုလိုအချိန်တစ်ယောက်တည်းရှိနေတာဟာ ကြွားဝါစရာတော့မဟုတ်ဘူး။ မြက်ခြောက်ကွင်းထဲ ငါ လှည့်လည်ခဲ့ ပြီး ငါ့ဆံပင်တွေထဲ ခုန်ချခဲ့တဲ့ မွှားနှစ်ကောင် ငါ့ဦးရေပြားကို ဖောက်ထွင်းပြီး ဗာဂျီးနီးယားဝိုင်ချိုလို ငါ့သွေးကို သောက်မြိုခဲ့ ပြီး ရသေ့လ၀န်းအောက်က ကမ္ဘာပေါ် ဟောဒီဘုရင့်နိုင်ငံတော်မှာ ငါ့ကို ချန်ထားရစ်ခဲ့ပေါ့။ တေဇာ (လရောင်လမ်း) One Day by Joseph Millar ကို ဆီလျော်သလို။ ကဗျာအကြောင်း ဒီကဗျာကို ကျေးလက်ဒေသမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ရထားတစ်စင်းအနီးမှာ၊ မြင်းစားကျက်မြေနံဘေးမှာပေါ့။ "အရာတစ်ခုကို အခြားတစ်ခုနဲ့ မှားကြည့်တတ်ဖို့" ဆိုတဲ့အတွေး၊ ဥပမာလင်္ကာကို ဖီဆန်တဲ့သဘောမျိုးကို ချရေးကြ...

စိတ်ကြွပုံအဆင့်ဆင့်

[ ၁ ] ဥက္ကလာဟိုမားကောင်စီ မြို့နယ်အ၀န်းအ၀ိုင်းအပြင်ဘက် တစ်မိုင်လောက်နားလေးမှာ စိုစွတ်နေတဲ့ မီးခိုးရောင်ဆွယ်တာအင်္ကျီနဲ့ ညစ်ထေးထေး ဂျင်းဘောင်းဘီဝတ်ထားတဲံ လူတစ်ယောက် ၈၁ လမ်း ကုန်းကျော်တံတားအပေါ်မှာ ရပ်နေတယ်။ အချိန်က နိုဝင်ဘာလရဲ့ နံနက်ခင်း၊ အရှေ့အရပ်ဆီမှာ နေကို မြင်ရရုံသာ ရှိသေးတယ်။ သူက အရိုးခိုက်နေတဲ့ အချမ်းဒဏ်ကို သက်သာအောင် လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်ပြီး ပွတ်နေမိတယ်။ ဆယ့်ရှစ်ဘီးကားကြီးတွေက အစုန်အဆန် မောင်းနှင်စပြုနေပြီ။ အရှေ့ဘက်ကို ဦးတည်နေတဲ့ ကုန်တင်ကားကြီးတွေဟာ ဥက္ကဟိုမားမြို့ထဲကို ၀င်ရောက်သွားကြပေမဲ့ သူတို့ ဘယ်ကလာခဲ့သလဲဆိုတာကိုတော့ ဘယ်သူသိနိုင်မှာလဲ။ ဒီကားကြီးတွေဟာ ၃၅ ဟိုင်းဝေးလမ်းမပေါ်ရောက်ပြီး တောင်ဘက်က ဒါးလက်စ် ဒါမှမဟုတ် ဟူစတန်မြို့တွေဆီကိုလည်း ရောက်သွားနိုင်တယ်။ မြောက်ဘက်ကျတော့ ကန်းဆက်စ်မြို့၊ အိုမားဟား ဒါမှမဟုတ် အမွှာမြို့တော်ကိုတောင် ခရီးပေါက်သွားချင်သွားမှာ။ အရှေ့ဘက်ကို ဆက်မောင်းသွားမယ်ဆိုရင်လည်း အခြားမြို့တွေကို ရောက်မှာပဲ၊ နေ့လယ်ခင်းလောက် ဆိုရင်ပေါ့။ အနောက်ဘက်ကို ဦးတည်သွားတဲ့ လမ်းမကြီးကို သူရွေးချယ်လိုက်တယ်။ အဲဒီလမ်းဘက်မှာက အခြားရွေးစရာလမ်းခွဲ သိပ်အများကြီးရှိမယ့်ပုံ မရဘူး...

ကမ္ဘောဒီးယားလက်ရွေးစင်ဘောလုံးအသင်းသို့

တစ်ခါတလေတော့ မြေမြုပ်လိုက်ရုံနဲ့ မပြီးတတ်ပြန်ဘူး စိတ်ရှည်လက်ရှည် မိုင်းတွေ ကမ္ဘာမြေဟာ တိတ်ဆိတ်ခြင်းကို မကြာမကြာ ဖြိုခွင်းလို့။ တေဇာ (လရောင်လမ်း) ဇွန် ၂၀၁၃

Liaison

စကားလုံးလှလှလေးတွေပေါ် ဖြတ်လျှောက်ဖူးချင်တယ် ပြောပါ သက်တံ့တံတားဟာ ဘယ်အစွန်းနှစ်ဖက် ကြားမှာလဲ။ တေဇာ (လရောင်လမ်း) မေ ၂၀၁၃

Rediscover

တချို့ရှာဖွေတွေ့ရှိမှုတွေက အသစ်မဟုတ်ဘူး ကိုယ်နဲ့အတူတူ အမြဲရှိနေခဲ့တာ ဥပမာ ကိုယ့်နှလုံးသားကို မျက်ဝါးထင်ထင် ပြန်မြင်တွေ့လိုက်ရသလိုမျိုး။ တေဇာ (လရောင်လမ်း) မေ ၂၀၁၃

Setting Free

အစကို အဆုံးထိ မဆွဲတော့ဘူး အချစ်ကို လက်ရေးတိုနဲ့ ဖွဲ့ဖြစ်ခဲ့ပုံများ အားလားလား ကျွန်တော့်လက်ကို ကိုက်သွားတဲ့ မိုဗီဒစ်*။ * Moby-Dick by Herman Melville တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၄၃)

Definite Maybe ငါ ဘာကိုဆိုလိုသလဲ ဆိုတာထက် ငါ့ကို ဘာတွေဆိုလိုခွင့်ပြုသလဲ ဆိုတာကို ပိုစိတ်ဝင်စားပါတယ် ပြောနိုင်တာတွေ သိပ်များသွားတယ် တစ်ခုခုကို မပြောပြနိုင်ခဲ့ဘူး။ Opening ခေါင်းငိုက်စိုက် အနေအထားနဲ့ လှုပ်ရှားတက်ကြွနေခွင့်ဟာ အောက်မှာ ဖွင့်လှစ်ထားပြီးသား စာအုပ်တစ်အုပ်သာ ရှိဖို့ပါ။ Silent Celebration စာတစ်ပုဒ်ရဲ့ နောက်ဆုံးဝါကျ ပုဒ်မချနိုင်လိုက်ပြီဆိုတိုင်း မျက်စိမှိတ်ငြိမ်သက်ကာ ပြုံးပါတယ် ဂိုးသွင်းပြီးစ တိုက်စစ်မှူးလို ငါ့အပေါ်လူတွေ ပြိုကျလာဖို့မလိုဘူး။ Stickiness ရှာမရဘူး မျက်နှာကြက်ပေါ်မှာလား မျက်နှာကြက်အောက်မှာလား အဲဒီ ကပ်သပ်နေတဲ့ အိမ်မြောင်ဟာ။ ၀ိဘတ်တွေနဲ့ ပတ်သက်လို့၊ ဒါမှမဟုတ် ရင်ဆိုင်ရာမှာ ကျွန်တော် ပြဿနာရှိပါတယ်။ Certain Feeling မိန်းကလေးတစ်ယောက် ကိုယ့်ရှေ့မှာငိုတိုင်း ဘယ်လိုခံစားချက်မျိုး ထားရမလဲ ဝေခွဲမရဘူးဆိုတော့ သူပြုံးတယ်။ အဲဒီအပြုံးမျိုးမြင်ရင် ၀မ်းနည်းရမယ် ဆိုတာလောက်တော့ ကျွန်တော်ကောင်းကောင်း သိပါတယ်။ တေဇာ (လရောင်လမ်း)

ကမ္ဘာဖောက်ခြင်း

အံ့ဘနန်းခဏမှာ အနာဂတ်ဟာ အနက်နဲ့ကာထားတယ်။ ကျွန်တော့်မှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်။ နည်းနည်းတော့ ကြီးမားတယ်လို့ ပြောချင်ပြောနိုင်တယ်။ အသေးအမွှားကိစ္စပါလို့ သတ်မှတ်မယ်ဆိုလည်း ဖြစ်တာပဲ။ သေချာတာက အဆုံးစွန် စိတ်လှုပ်ရှားဖို့ကောင်းမယ် ဆိုတာပါပဲ။ ဒီလို..။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဒီကမ္ဘာမြေကြီးထဲက ခိုးထုတ်ဖို့ ကြံစည်နေတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ ထိပ်တန်းလျှို့ဝှက် ကိစ္စကြီးတစ်ခုပဲ။ ကျွန်တော် အဲဒါကို ဘယ်သူ့ကိုမှ ထုတ်မပြောဘူး။ တစ်ယောက်တည်းကြိတ်ပြီး အကောင်းဆုံးနည်းလမ်းတစ်ခုကို အသေအချာ ပြင်ဆင်စဉ်းစားနေခဲ့တယ်။ ဘယ်လိုပြောမလဲ၊ ထောင်ဖောက်ပြေးဖို့ ကြံစည်နေတဲ့ အကျဉ်းသားလိုပေါ့။ ဘ၀တူ အကျဉ်းသား တစ်ယောက်ယောက်ကိုလည်း ထုတ်ဖော်မတိုင်ပင်ရဲဘူး။ မတော် သတင်းသွားပေးရင် မခက်ဘူးလား။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ကိုယ်ကောင်းခပ်ဆန်ဆန်လေ။ ဒါတွေအသာထား၊ ဒီကိစ္စမှာကျတော့ တိုင်ပင်လို့ကို မဖြစ်နိုင်သလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်ကလူအများစုက မိမိကိုယ်ကိုယ် အကျဉ်းကျနေတယ်လို့ မခံစားရလို့ပဲ။ ကျွန်တော် ကမ္ဘာကိုဖောက်ပြီးပြေးဖို့ ကြံစည်နေကြောင်း ဖွင့်ဟမိတာနဲ့ ကျွန်တော့်ကို အရူးထောင်ထဲ ထည့်ထားလိုက်နိုင်တယ်။ ဒါဆို အဆိ...

အတိုးဆုံးကဗျာများ (၄၂)

Whisper လူချင်းနီးစပ်ဖို့ လိုပါတယ် ဘာဖြစ်လို့လဲ သိလား ကိုယ် တိုးတိုးလေးပြောပြမယ် အနားလာကွယ်။ Attention ယင်ကောင်တစ်ကောင်သေတာ ဘယ်သူမှ ဂရုမစိုက်ပါဘူး အေး ငါ့လက်ဖက်ရည်ခွက်ထဲတော့ လာမသေနဲ့ပေါ့ကွာ (တဲ့) အံ့သြလို့တော့မဟုတ်ဘူး မူလအတိုင်းပြူးကျယ်ထားပြီးသား စုပေါင်းမျက်စိ။ Benefit of the Doubt မတည်တဲ့ကတိတွေ မတောင်းဘဲ အထပ်ထပ် ပေးတဲ့ကမ္ဘာ စေတနာအကျိုးမပေးနဲ့ ငါ့ကို သံသယအကျိုးပဲပေး။ Becoming ဘယ်ကိုမှမရောက်ခဲ့ဘူး ရေလျှံနေတဲ့ မြစ်သဖွယ် စီးစရာကမ်းမဲ့ ငါဒီမှာပဲ ကျယ်ပြန့်အောင် အိုင်, ထွန်းခဲ့ရတယ်။ Immune System ၀ါသနာအသစ်တစ်ခုလိုပါ အစွယ်တွေ ဂျိုတွေ စုချင်လာတယ် ဒီမှာက သံချပ်ကာကားယောင် ဆောင်လည်းမရ သင်းခွေချပ်တွေ သေနေတဲ့ကွင်း။ တေဇာ (လရောင်လမ်း) Image: www.chineseimpression.net

အတိုးဆုံးကဗျာများ (၄၁)

Behaviorism ရလာတဲ့အကြံကတော့ ဖျပ်ခနဲ လက်ဖျောက်တီးလိုက်ဖို့ပါပဲ ကောင်းပါပြီ အဲဒီလိုပဲ လုပ်ကြပါစို့။ The Burnt Fan တစ်ကိုယ်ကောင်း သိပ်ဆန်ပါတယ် နွေလယ်ညတွေမှာ မီးလောင်တစပြင် ဓာတ်ပုံပါ သတင်းစာနဲ့ ယပ်ခပ်နေမိရသူ။ Bone Dry Living ကိုယ့်ကိုယ်ကို စာအုပ်တစ်အုပ်လို့ ယူဆတယ်ဆို ရေစိုခံဖို့ကို ငြင်းဆန်မယ် ပူးကပ်မသွားချင်ဘူး ပျက်စီးမသွားချင်ဘူး ခြောက်သွေ့လွန်းသော ရှင်သန်မှုဟာ ငါ့ကိုအခု လွယ်လွယ်ဖတ်ဖို့ပါ။ Et cetera သဒ္ဒါနည်းကျ ချုံ့ပစ်ခွင့်ရှိပါတယ် တစ်ခုချင်းစီ ညွှန်း(ဖို့)မလိုတော့တဲ့အခါ ခပ်ဆင်ဆင် အကြောင်းပေါင်းများစွာဟာ စသည်နှင့် ဆုံးသွားသော ၀ါကျ။ Waning Interjections မဆဲတော့ဘူး ငါ သူရဲကောင်းမဆန်တော့ဘူး အခုလာနေတဲ့ အသံတွေက မောင်းသူမဲ့လေယာဉ်ပျံတွေဆီက အာမေဋိတ်ပျောက်ရှခဲ့လေသော ယဉ်ကျေးမှု။ တေဇာ (လရောင်လမ်း)

Creating a Rose

ဘုရားသခင် နှင်းဆီပန်းလေးတစ်ပင်ကို သင် စူးစိုက်ကြည့်ချင်ခဲ့ပါသလား။ အချစ်ဆိုတာ အကြိမ်ကြိမ် စဉ်းစားပြီး ခတ်ခဲ့ရတဲ့ မျက်တောင်။ တေဇာ (လရောင်လမ်း) မတ် ၂၀၁၃

The Common Cold in Eden

သာယာပါပေတယ် ယုဇနတွေ ကံ့ကော်တွေပွင့်ဝေတယ်။ ပြဿနာက လေမှကူးစက်နေတဲ့ ငါတို့တွေရဲ့ နှာစေးရောဂါ။ အဖြစ်များအဖျား အမြစ်မပြတ်တမ်းသာဆို ဒီလိုနမ်းရှိုက်ခွင့်မျိုးကို ယဉ်ကျေးစွာ ငြင်းပါတယ်။ တေဇာ (လရောင်လမ်း) မတ် ၂၀၁၃

Collapse in a Heap

ဆန္ဒလွန်ကဲခြင်းပဲလား တကယ်ဆို မြေဆွဲအားဟာ ခြေဖ၀ါးတွေကိုပဲ ဆွဲဆောင်ခဲ့သင့်တာပေါ့။ သစ်ကုလားအုတ်တစ်ကောင်ကိုတောင် ရေတိမ်မှာ နစ်စေခဲ့တဲ့ လဲပြိုမှု။ တေဇာ (လရောင်လမ်း) မတ် ၂၀၁၃

အတိုးဆုံးကဗျာများ (၄၀)

"Abyss" ချောက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်မုန်းတီးတာ တစ်ခုက သူတို့ရဲ့ အောက်ခြေပဲ အဆုံးမဲ့ပဲ ပြုတ်ကျချင်ပါတယ်။ "Liquid Paper" ဖုံးကွယ်ဖို့ထားတဲ့ ကိရိယာဖြစ်ပေမယ့် ဖော်ပြတတ်ပါပေတယ် ပြင်မရတဲ့ ဒီနံရံညစ်ညစ်ပေါ် ငါ တစ်စုံတစ်ရာ ဖွင့်လှစ်ထားခဲ့ဖို့။ "Contradiction" သေချာတာတစ်ခုက သေချာတာတစ်ခုကို မျက်နှာချင်းမဆိုင်ပါဘူး သေချာတာတစ်ခုဟာ ကိုယ့်ကိုယ်ကိုယ် ရင်မဆိုင်ရဲလို့ မှန်, မကြည့်ဘူး။ "II" တစ်ကိုယ်ရည် ကိန်းဂဏန်းတွေရဲ့ ငါးပုံတစ်ပုံဆို ရေတွက်ဖို့ လုံလောက်ပြီ ကမ္ဘာစစ်တွေ ပြီးတော့ ငါတို့တွေ။ " Exception" အပေါ်မော့ကြည့်လို့ အုန်းသီးခြောက်တွေ ပြွတ်သိပ်အောင်သီးနေတာ တွေ့ရင် ကျွန်တော်ခေါင်းမမာပါဘူး ကိုယ့်ရပ်တည်ချက်ကို ရွှေ့ပြောင်းရတဲ့အခါမျိုး ဒီလိုတွေလည်း ရှိတတ်ပါတယ်။ တေဇာ (လရောင်လမ်း) ဇန်န၀ါရီ ၂၀၁၃ Image: http://www.layoutsparks.com

တိရစ္ဆာန်ရုံ သေဆုံးခြင်း (၂)

စစ်သားတွေဟာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး ပစ်မှတ်ကို ဂရုတစိုက် ချိန်လိုက်တယ်။ ဗိုလ်လေးက အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ သေနတ်မောင်းတွေကို ဆွဲဖြုတ်လိုက်တော့တယ်။ သေနတ်မောင်းရဲ့ တွန်းအားကြောင့် သူတို့ပုခုံးတွေ နောက်ကိုယိမ်းသွားတယ်။ ဦးခေါင်းထဲက ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားသလို သူတို့ စိတ်တွေဟာ ခဏလောက်ကြာအောင် ဗလာနတ္ထိဖြစ်သွားတယ်။ ပြိုင်တူထွက်လာတဲ့ တဝေါဝေါ သေနတ်သံတွေဟာ ခြောက်ကပ်နေတဲ့ တိရစ္ဆာန်ရုံထဲမှာ တော်လဲသံလိုပြိုကျလာခဲ့တယ်။ အဆောက်အဦတစ်ခုကနေတစ်ခု၊ နံရံတစ်ခုကနေ တစ်ခု ပဲ့တင်ထပ်နေတယ်။ သစ်သားတွေကို လှီးဖြတ်ပြီး ရေမျက်နှာပြင်ကို ဖြတ်သန်းသွားသလိုပဲ။ အဝေးက မိုးချိန်းသံလို ကြားရသူတိုင်းရဲ့ နှလုံးသားကို ထိုးချေနေတယ်။ လှောင်အိမ်ထဲက သတ္တ၀ါနှစ်ကောင်ကတော့ အသက်ရှူရပ်သွားတယ်။ ပုရစ်တွေတောင်မှ အော်သံရပ်သွားကြတယ်။ ပဲ့တင်နေတဲ့ သေနတ်သံတွေ အဝေးဆီကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး အတော်ကြာတော့ ဘာသံကိုမျှ မကြားရတော့ဘူး။ မမြင်ရတဲ့ ဘီလူးကြီးတစ်ကောင်က ဧရာမတင်းပုတ်ကြီးနဲ့ ထုနှက်လိုက်သလိုပဲ ကျားနှစ်ကောင်ဟာ လေထဲကို ဖျပ်ခနဲမြောက်သွားတယ်။ ပြီးတော့ ကြမ်းပြင်ကို လေးပင်စွာ ပြန်ပြုတ်ကျလာကြတယ်။ နာကျင်စွာ အကျောဆွဲပြီး ...

တိရစ္ဆာန်ရုံ သေဆုံးခြင်း (၁)

သူက အသံကို ဖြေးဖြေးမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြောနေတယ်။ ဇာတိပ္ဖိုလ် က ကျွန်တော့်ကို ကျားတွေ၊ ကျားသစ်တွေ၊ ၀ံပုလွေတွေနဲ့ ၀က်ဝံတွေအကြောင်း ပြောပြနေတာ၊ ၁၉၄၅ ခုနှစ် သြဂုတ်လရဲ့ ပူပြင်းခြောက်ခြားဖွယ် နေ့လယ်ခင်းတစ်ခုမှာ စစ်သားတွေက ပစ်သတ်လိုက်တဲ့ တိရစ္ဆာန်တွေ အကြောင်းပေါ့။ သူပြောပုံက အစီအစဉ်တကျနဲ့ ရှင်းလင်းလွန်းလို့ ကျွန်တော့်စိတ်ထဲမှာ ရုပ်ရှင်မှတ်တမ်းတစ်ခုကို ကြည့်နေရတယ်လို့တောင် ထင်လာမိတယ်။ သူပြောတဲ့အထဲမှာ ၀ိုးတ၀ါးတစ်ခုမှ မပါဘူး။ ဒါနဲ့တောင် ဒီအဖြစ်အပျက်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့တာတော့လည်း မဟုတ်ပြန်ဘူး။ အဲဒီအဖြစ်အပျက် ဖြစ်နေတုန်းက သူက မန်ချူးရီးယားကနေ မိခင်ဂျပန်ပြည်ကို ပြန်လာတဲ့၊ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ခရီးသည်တင်သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ ရပ်နေခဲ့တာ။ အဲဒီအချိန်က သူကိုယ်တိုင် မျက်မြင်ဒိဌ တွေ့နေရတဲ့မြင်ကွင်းက အမေရိကန်ရေငုတ်သင်္ဘောတစ်စင်းရဲ့ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အများနည်းတူပဲ သူနဲ့ အခြားကလေးငယ်တွေဟာ တန်ဆာခန်းရဲ့ မခံမရပ်နိုင်တဲ့ ရေနွေးငွေ့အပူရှိန်ကို ရှောင်ရှားရင်း သင်္ဘောကုန်းပတ်က သံဇကာကွက်တွေကို မှီလို့ ညင်သာတဲ့ လေညင်းကို ခံစားနေချိန်ပေါ့။ လေညင်...

သပြေနုချိန်

မျက်လှည့်ပြပွဲတွေ ထိုင်ကြည့်ရသလိုမျိုးအရာရာ   ခန်းစည်းတွေ နောက်ကွယ်မှာ ပြဇာတ်တွေတိုက်နေဆဲ မပြောင်းလဲပါ..။ ~လင်းလင်း ခုတလော ကျွန်တော်ပဲ အမေ့ကို ဈေးလိုက်ပို့ရတယ်၊ အစ်ကိုက မအားလို့။ ဈေးကို အိမ်ကနေ လမ်းလျှောက်သွားဖို့ဆို နည်းနည်းလှမ်းတော့ စက်ဘီးနဲ့လိုက်ပို့ရတယ်။ မကြာသေးခင်ကမှ အိမ်ပြောင်းထားလို့ ဈေးကိုသွားတဲ့လမ်းက အသစ်ဖြစ်သွားတယ်။ သွားရမယ့် ဈေးကတော့ အရင်သွားနေကျ ဈေးဟောင်းပါပဲ။ Destination တစ်ခုတည်းပေမယ့် ကိုယ်က ထွက်ခွာရာအရပ် ပြောင်းသွားတော့ လမ်းလည်း အသစ်ဖြစ်သွားတယ်။ အရင်နေရာကို ရောက်ဖို့ပဲ လမ်းသစ်က သွားနေကြရတာ။ အိမ်နားမှာက မူလတန်းကျောင်းလေး တစ်ခုရှိတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်တော်တက်ဖူးသားပဲ။ အခု နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့ရတော့လည်း အရင်လိုပါပဲ။ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိဘူး။ တစ်ခုပဲ၊ ကျွန်တော်က သိတဲ့ ဒါမှမဟုတ် ကျွန်တော့်ကို သိတဲ့ ဆရာမ တစ်ယောက်နဲ့မှ လမ်းပေါ်မှာ မဆုံမိသေးဘူး။ အရင်လိုပဲဆိုပေမယ့် လူတွေကတော့ ပြောင်းလဲသွားကြပြီ ထင်ပါရဲ့။ အဲဒါကို အသစ်လို့ ခေါ်နိုင်မလားဆိုတာတော့ ကျွန်တော် မသေချာဘူး။ ကျောင်းရဲ့နောက်ဖက်မှာတော့ လယ်ကွင်းကျယ်ကြီး ရှိနေသေးတယ်။ ပြီး...

ရေဘဲ

ခပ်ကျဉ်းကျဉ်း ကွန်ကရစ်လှေကားရဲ့ အောက်ခြေအထိ ရောက်တော့ ဟိုးအရှေ့ဆီကို အဆုံးမရှိလို့ ထင်ရလောက်အောင် ဖြန့်ခင်းထားတဲ့ ကော်ရစ်ဒါတစ်ခုကို ကျွန်တော်မြင်လိုက်ရတယ်။ မျက်နှာကြက်က အရမ်းမြင့်ပြီး ရှည်လျားလှတဲ့ ကော်ရစ်ဒါတစ်ခု။ ကော်ရစ်ဒါဆိုတာထက် လမ်းမြောင်က ခြောက်ကပ်နေတဲ့ မိလ္လာမြောင်းတစ်ခုနဲ့တောင် ပိုတူနေတယ်။ အဆင်တန်ဆာဆိုလို့ တစ်ခုမှမရှိတော့ ဒါမျိုးမှ တကယ့်ကော်ရစ်ဒါစစ်စစ်လို့တောင် ကြွေးကြော်ရလောက်တယ်။ မီးရောင်ကလည်း ခရမ်းချဉ်သီးလောက်ပဲလင်းတယ်။ ဒီကော်ရစ်ဒါထဲမှာ အလင်းရောင်ကိုယ်တိုင်တောင် လမ်းမှားတွေထဲ ခဏခဏ၀င်မိပြီး နောက်ဆုံးကျမှ လိုရာအရပ်ရောက်ခဲ့ရပုံပဲ။ ဖုန်မှုန့်မဲမဲထူထူတွေကို ဖြတ်ပြီး ကျွန်တော်လျှောက်လာလိုက်တယ်။ မျက်နှာကြက်တစ်လျှောက် အကွာအဝေး မညီမညာတပ်ထားတဲ့ မီးချောင်းတွေမှာ အဲဒီဖုန်မှုန့်တွေက ကပ်နေတယ်။ မီးချောင်းတွေကလည်း သုံးချောင်းမှာ တစ်ချောင်းလောက်က ကျွမ်းနေပြီ။ ကျွန်တော့်လက်ကိုတောင် ကျွန်တော်ပြန်မမြင်ရသလောက်ပဲ။ တိတ်ဆိတ်နေတဲ့ နေရာပါ။ မှိန်ပြပြလမ်းမြောင်လေးတစ်လျှောက်မှာ ရှိနေတဲ့ တစ်ခုတည်းသော အသံကတော့ ကျွန်တော့်တင်းနစ်ရှူးဖိနပ်က ကွန်ကရစ်ကြမ်းပြင်နဲ့ထိလို့ ထွက်လာတဲ့ တဖျပ်ဖျပ်အသံပဲ။