တဖြည်းဖြည်း ပိုအေးလာတယ်။ ဟုတ်တယ်။ ရုတ်တရက်ကြီး အေးလိုက်ဖို့လည်း မသင့်ဘူးလေ။ သဘာဝဟာ ဒီအတိုင်းပဲ။ ဒါကို သဘာဝရဲ့ သဘာဝလို့ ပြောရမယ် ထင်တယ်။ အလင်းရဲ့အလျင်နှုန်းက အတော်မြန်ပေမဲ့ နေကတော့ တဖြည်းဖြည်းချင်း ၀င်နေတာပဲ။ စိမ်ပြေနပြေ ရွေ့လျားနေတာပဲ။ ကျွန်တော် ကြည့်လိုက်တိုင်း သူ ရွေ့နေတယ်လို့ကို မထင်ရဘူး။ နာရီက မိနစ်လက်တံကမှ သူ့ရဲ့ ခိုးချောင်ခိုးဝှက်ရွေ့လျားမှုကို တိုက်ဆိုင်ရင် ဖျပ်ခနဲ မြင်လိုက်နိုင်သေးတယ်။ ဒါပေမဲ့ အချိန်နဲ့ ပိုမိုနီးစပ်တာက မိနစ်လက်တံထက် နေမင်းကြီးပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ နာရီတွေမရှိလို့ ပြဿနာမရှိပေမဲ့ နေမင်းကြီးမရှိရင်တော့ ညတွေချည်းပဲ ဖြစ်နေမှာပေါ့။ ထားပါတော့။ ကိုယ့်ကိုယ်ကိုယ် နောက်ဆုံး သတိထားမိချိန်တွေမှာ ကျွန်တော်ဟာ ညဥ့်နက်သန်းခေါင် အလယ်ကိုချည်း ရောက်ရောက်နေတတ်တယ်။ နေမင်းကြီး ဘယ်တုန်းက၊ ဘယ်လို ၀င်သွားခဲ့မှန်း မသိလိုက်ရဘူး။ သဘာဝဟာ အဲ့ဒီလို လှည့်စားတတ်တယ်။ ခုလည်း ကျွန်တော်က နှင်းတောထဲ ရောက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ခိုက်ခိုက်တုန်နေတာကို ခုမှ သတိပြုလိုက်မိတယ်။ အပူချိန်တစစ လျော့လာတာကို ကျွန်တော် မသိလိုက်ဘူး။ ဆောင်းတွင်းပဲ အေးမှာပေါ့လို့ မပြောနဲ့။ အေးခဲတတ်တဲ့ ကာလအပိုင်းအခြားတစ်ခုကိ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။