အိမ်မြှောင်အများအပြား အခန်းရဲ့နံရံမှာ ဖြိုးဖြိုးဖျောက်ဖျောက်၊ မြေဆွဲအားကို မထီမဲ့မြင် အံတုပြီး ကပ်နေကြတယ်။ ကြီးငယ်ရွတ်လတ်၊ ဖြူဖြူညိုညို ပြာနှမ်းနှမ်း…အရွယ်စုံအသွေးစုံ။ ဒီတော့.. အိမ်မြှောင်အဖွဲ့အစည်းလို့ပဲ ဆိုပါရစေတော့။ အဲဒီ အိမ်မြှောင်အဖွဲ့အစည်း မှီတင်းနေထိုင်ရာ အခန်းထဲကလူက ညနက်နက်မှာ သူတစ်ယောက်တည်း ဆိုတဲ့ အတွေးနဲ့ အထီးကျန်နေတယ်။ သူတစ်ယောက်ထဲ၊ ဒါပေမဲ့ အိမ်မြှောင်များလည်း သူနဲ့အတူတော့ ရှိနေသေးတယ်။ ရဲတင်းလှတဲ့ အိမ်မြှောင်များရဲ့ ပြေးလွှားလှုပ်ရှားမှုကြောင့် သူက သတိပြုမိသွားတယ်။ ဒါနဲ့ပဲ မတ်တပ်ရပ်ပြီး အိမ်မြှောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံးကို စနစ်ပုံအနေအထားက အကဲခတ်နေ လိုက်မိတယ်။ ဒီကောင်တွေဟာ အိမ်မြှောင်တွေကိုး။ သူတို့ ကမ္ဘာမြေပေါ်မှာရှိကြောင်း ငါမေ့လျော့နေတာ ကြာခဲ့ပေါ့။ တကယ်တော့ သူတို့နဲ့ ငါဟာ သိပ်တော့မစိမ်းလှပါဘူး။ မစိမ်းလှဘူးဆိုပေမဲ့ ရင်းလည်း မရင်းနှီးဘူး။ တကယ်တော့ “ပိစိကွေး” (ကြောင်ကလေး) ရှိစဉ်တုန်းက သူက အိမ်မြှောင်တွေ ခုတ်လာတတ်တာကိုး။ အမြီးပြတ်ခေါင်းပြတ် ကိုးရိုးကားရားနဲ့ဆိုတော့ သိပ်မသတီလှဘူး။ သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျြ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။