Skip to main content

မိန်းမလျာစစ်သား

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက စစ်တပ်တွင် မိန်းမလျာများ လွတ်လပ်စွာ တာဝန်ထမ်းဆောင် နိုင်ခြင်းအား ကန့်သတ်ထားခြင်းအပေါ် အဆုံးသတ်မည်ဟု ပြောကြားခဲ့ ဖူးသည်။

ယခု သူက “မမေးနဲ့၊ မပြောနဲ့” (Don’t ask, don’t tell) မူဝါဒကို ဖျက်သိမ်းမည်ဟု ပြောကြားခဲ့သည်။ ထိုမူဝါဒအရ မိန်းမလျာများသည် မိမိတို့၏ လိင်ပိုင်းဆိုင်ရာ သဘောထားကို ဖွင့်ဟစရာမလိုဘဲ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ကြသည်။

ဝါရှင်တွင် အိုဘားမားက အမေရိက၏ အကြီးဆုံး မိန်းမလျာအဖွဲ့ဖြစ်သည့် “လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့” (The Human Rights Campaign) သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိန်းမလျာများ လက်ထပ်ခြင်းနှင့် စစ်တပ်ရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ရန်ပျက်ကွက်သည့် အတွက် မိန်းမလျာအဖွဲ့အစည်းတွင် သူ့ကို ဝေဖန်ပြစ်တင်မှုတချို့ ရှိခဲ့သည်။

မိန်းမလျာအခွင့်အရေး ကာကွယ်ရေးအဖွဲ့ကြီးတစ်ဖွဲ့က တနင်္ဂနွေနေ့တွင် ၀ါရှင်တန်မြို့အတွင်း ချီတက်လှည့်လည်ရန် စီစဉ်ထားသည်။

မငြိမ်မသက်

အိုဘားမားသည် မြို့တော်ရန်ပုံငွေညစာစားပွဲများတွင် မိန်းမလျာနှင့် လိင်တူဆက်ဆံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောကြားခဲ့ဖူးသည်။ သူက အမေရိကန်ပြည်ထောင်စုအနေဖြင့် မိန်းမလျာအခွင့်အရေးနှင့်ပတ်သက်၍ တိုးတက်မှုများ ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုထက်ပို၍ လုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်တပ်ရေးရာကိစ္စနှင့်ပတ်သက်၍မူ အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်သောအရည်အသွေးနှင့် တိုက်ရည်ခိုက်ရည် ပြည့်ဝသူများကို အဆုံးရှုံးမခံနိုင်ဟု သူက ဆိုသည်။ တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ဖို့ ရှေ့ထွက်လာတဲ့ အမေရိကန်မျိုးချစ်တွေကို ကျွန်တော်တို့ အထိခိုက်မခံသင့်ပါဘူး “ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ရှေ့ထွက်လာချင်တဲ့ စိတ်ဆန္ဒနဲ့ သူရသတ္တိပြမှုကို ကြိုဆိုသင့်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

၁၉၉၃ ခုနှစ်က ပြဌာန်းခဲ့သော မူဝါဒကြောင့် တပ်သားထောင်ပေါင်းများစွာ ရာထူးမှဖယ်ရှားခံခဲ့ရပြီးဖြစ်ပြီး အဆိုပါ မူဝါဒကို ဖျက်သိမ်းရန် အိုဘားမားက အချိန်သတ်မှတ်ပေးခြင်း မရှိခဲ့ပေ။ သူက မိန်းမလျာအဖွဲ့အစည်းအတွက် အရေးကြီးသော အဆိုပါကိစ္စကို စုပေါင်းဖြေရှင်းရန် ထပ်မံပန်ကြားခဲ့သည်။

သို့သော် မိန်းမလျာအဖွဲ့အစည်းအများအပြား အနေဖြင့် သူ၏ကတိကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည်ဟု အမြင်ရှိနေသဖြင့် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ အိုဘားမားက သူ၏အစိုးရအဖွဲ့ကို ယုံကြည်ရန် ပရိသတ်များကို တောင်းဆိုခဲ့သည်။

“လူအများစုအနေနဲ့ တိုးတက်မှုဟာ လုံလောက်အောင် မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ ဦးတည်နေတဲ့ မျက်နှာစာနဲ့ ရောက်ရှိမယ့် ပန်းတိုင်ကို သံသယမရှိကြပါနဲ့” ဟု သူက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု မိန်းမလျာအဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်စေသော ကိစ္စတစ်ရပ်မှာ မိန်းမလျာလက်ထပ်ခြင်းကိစ္စဖြစ်သည်ဟု ဘီဘီစီမှ Rajesh Mirchandani က လော့အိန်ဂျလိစ်မြို့တွင် ပြောကြားခဲ့သည်။

အိုဘားမားသည် လက်ထပ်ထိမ်းမြားမှု ကာကွယ်ရေးအက်ဥပဒေ (Defense of Marriage Act) အား ဖျက်သိမ်းပေးမည်ဟူသော သူ၏ ကတိကို ဖော်ဆောင်ရန်ပျက်ကွက်သဖြင့် ဝေဖန်ခံခဲ့ရသည်။ ထိုဥပဒေသည် လိင်တူချင်းထိမ်းမြားလက်ထပ်ခြင်းကို အသိအမှတ်ပြုရန် ကန့်သတ်ထားသည်။

မိန်းခွန်းပြောကြားခဲ့စဉ်က အိုဘားမားသည် အဆိုပါအက်ဥပဒေအား ဖျက်သိမ်းရန် ကွန်ဂရက်ကို အဆိုပြုပြီး မိန်းမလျာများ၏ အကျိုးကျေးဇူးများကို ချဲ့ထွင်သော ဥပဒေတစ်ရပ် ပြဌာန်းမည်ဟု ပြောကြားခဲ့ဖူးသည်။

အမေရိကန်ပြည်ထောင်စု၏ နယ်မြေအတော်များများတွင် မိန်းမလျာများသည် စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တို့တွင် အရေးပါသောရာထူးများရရှိထားပြီး လူရာဝင်ပုဂ္ဂိုလ်များအဖြစ် အောင်မြင်နေကြသည်ဟု ဘီဘီစီ၏ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

◄ တေဇာ ► အောက်တိုဘာ (၁၁) ၂၀၀၉
Source: BBC

Comments

  1. စာဖတ်သူOctober 12, 2009 at 12:17 AM

    ပုံလေးက ရှယ်ပဲ =)
    အိုဘားမားကတိမတည်တာ မကြိုက်ပါဘူး။

    ReplyDelete
  2. ကောင်းပါလေ့ မိန်းမလျာတွေက စစ်တိုက်.. ယောင်္ကျားတွေက ထမင်းချက်... မိန်းမတွေက.. အဲ.. မိန်းမတွေက.... ဘာလုပ်ရင်ကောင်းမလဲဟင်...

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

ချောင်းကလေး (The Brook)

I come from haunts of coot and heron, I make a sudden sally And sparkle out among the fern, To bicker down a valley. By thirty hills I hurry down, Or slip between the ridges, By twenty thorpes, a little town, And half a hundred bridges. Till last by Philip’s farm I flow To join the brimming river, For men may come and men may go, But I go on for ever. I chatter over stony ways, In little sharps and trebles, I Bubble in to eddying bays, I babble on the pebbles. With many a curve my banks I fret, By many a field and fallow. And many a fairy foreland set, With willow-weed and mallow. I chatter, chatter, as I flow To join the brimming river, For men may come and men may go, But I go on for ever. Alfred Lord Tennyson ချောင်းကလေး ရေကြက်နဲ့ဗျိုင်းတို့ ကျက်စားရာများမှ ကျွန်တော်စထွက်၊ ကျွန်တော် ရုတ်တရက်ထွက်ပေါ်ခြင်းတစ်ခု ပြုလို့။ ပြီးတော့ ဖန်းရေညှိပင်ကြားမှာ တဖျပ်ဖျပ်လက်၊ တောင်ကြားတစ်ခုမှ အတင်းကလေးပြေးဆင်းဘို့။ ကျွန်တော်မြန်မြန်ဆင်းလာတာက တောင်ကုန်းသုံးဆယ်ေ